Wednesday, August 3, 2016

အဟောင်းတလည်လည်

          ပြဿနာကကြီးကြီးမားမားမဟုတ်ပါဘူး။ အသေးအမွှားလေးပါဘဲ။ Window 7 sp1 မှာ Photoshop CS3 တင်ပြီးပြီးချင်းဖွင့်မရတဲ့ပြဿနာပါ။သေးသေးမွှားမွှားမကျော်လွှားနိုင် ရင်လဲ ကြီးကြီးမားမားတွေရလာဖို့မရှိ။အသစ်ဘယ်လောက်ကောင်းအဟောင်းတလည်လည် ဆိုတဲ့အတိုင်း CS6 တွေတင်သုံးကြည့် ပြန်ဖြုတ်ချ CS3 ပြန်တင်ပါဘဲ (ဘိုးတော်ဘုရားလက် ထဲ တိုက်ခိုက်ပြီးသိမ်းပိုက်ယူထားခဲ့တဲ့စက်မို့ Soft အမြင့်တွေကိုမနိုင်တာမပြောကြေး။လာ  မယ့် လလယ်ပိုင်းလောက်မှာ ကောက်ကြောင်းရဲ့  acer ASPIRE 4315 ရဲ့ (၁၀) နှစ်မြောက် မွေးနေ့ကိတ်လှီးမှာမို့ မိတ်ဆွေတို့ တက်ရောက်သုံးဆောင်ဖို့ ခင်မင်ခြင်း အာသီသများစွာဖြင့် ဖိတ်ကြားအပ်ပါတယ်)။
          ဒီပြဿနာကတခါတရံမှသာဖြစ်တာပါ။ ပုံမှာပြထားတဲ့အတိုင်းတစ်ကြိမ်ဖွင့်ပေးပြီးရင် နောင်ကို သာမန်ဖွင့်ရိုးစဉ်အတိုင်း ကလစ်ပြီးဖွင့်နိုင်ပါပြီ။ ကဲ…ကြည့်လိုက်ကြစို့။











No comments:

Post a Comment