မျက်နှာကြီးရာ
♣ သောင်းချီပေးပြီး
ပုဇွန်ထုပ်ကြီးဝယ်ခဲ့တယ် ။
♣ ချဉ်ပေါင်ရွက်ဟာ
သုံးစည်းမှ တစ်ရာထဲရယ် ။
♣ နဂိုထဲက
အရသာရှိပြီးသားဟာ
မဆလာပေါင်း
ဆီပါလောင်းတော့
ပုဇွန်ဆီမွှေး
ပူစီလေးတွေ နှာခေါင်းထောင် ။
♣ စားပွဲပေါ်မှာ
၀င့်ထည်စွာတည်ခင်း
ပုဇွန်ထုပ်ဆီပြန်ဟင်းဘေးမှာ
ဆီမပါ
ရေလုံပြုတ်သာသာ
မျက်နှာငယ်ရှာတဲ့
ချဉ်ပေါင်မှာဟင်းရည်ကျဲ ။
♣ ဝုန်း ဒိုင်း အုံး ဂွမ်း
လုပ်ကြစမ်းပါအုံး
ပုဇွန်တုံးကိုလေ
ပူစီတွေတက်နှိုက်သွားလို့ ။
♣ ကြောင်တွေဝိုင်းလုယက်
ပုဇွန်ဟင်းခွက်ကျကွဲ
ထမင်းပန်းကန်တွေကျကွဲ
ထမင်းလုံးတွေပြန့်ကျဲ
ထမင်းပွဲပျက် ။
♣ မျက်နှာပြင်လေးဂယက်ထ
အငွေ့လှလှလေးနွဲ့ကျန်ခဲ့
ချဉ်လှတဲ့ချဉ်ပေါင်ဟင်း
ခါးထောက်ရင်းသာ
ပြုံးပြုံးလေးကြည့်နေတာ…။
(နဂါးနိုင်)
No comments:
Post a Comment