♣ ဂရေဟန်ဘဲ(လ်) ရာ
ခင်ဗျားကြီးကိုမုန်းလိုက်တာ
ခင်ဗျားထွင်ခဲ့လို့
ကြိုးနဲ့ဆက်တဲ့ဖုန်း
ချပေးတုန်းက
သိန်းချီကျကျပ်ငွေ
မတတ်နိုင်လေတော့
ခေါင်းလေးမော့ပြီး
ကြိုးလိုင်းကြည့်ဆွေး ။
♣ ဂရေဟန်ဘဲ(လ်) ရဲ့
တပည့်တွေကိုမုန်းလိုက်တာဗျိုး
ကြိုးဖျောက်ပြီး
ဂြိုလ်တုကြီးကတဆင့်လွင့်
သုံးချင့်စဖွယ်
စက်ငယ်တွေလည်း
သိန်းချီဆဲမို့
ငေးလို့မှိုင်လို့နေရပြန် ။
♣ “…”ကို
မုန်းရကောင်းမလား
ချစ်ရကောင်းမလား
ထောင့်ငါးရာနဲ့
ဗလာတိုးရင်း
စောင့်စားရင်း
ဆင်း(မ်) ကဒ်တစ်ခုရလာပြီး ။
♣ လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
အင်း…လူကြီးမင်း…လူကြီးမင်း ။
♣ လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
လူကြီးမင်းခေါ်ဆိုသော ……………
အင်း…လူကြီးမင်း…လူကြီးမင်း ။
♣ “ရခိုင်ကုန်း” ကို
ကျေးဇူးပိုတင်တယ်
ခါးမယ်ပတ်ဖို့ပေ
ကျည်ဘောက်တွေထည့်တဲ့ခါးပတ်
မပြတ်ရောင်းပေးလို့
ဟန်းဆက်(၆)လုံးထည့်ဖို့ရာ
အဆင်ပြေတာပေါ့ ။
(နဂါးနိုင်)
(၂၀၁၃/၂၀၁၄ မှခံစားချက်ဟောင်းဖြစ်ပါသည်)
(ရခိုင်ကုန်း=စစ်အသုံးအဆောင်ပစ္စည်းများရောင်းချရာဈေး)
No comments:
Post a Comment