မြန်မာနိုင်ငံတွင် ကညွတ်ကိုကြော်ချက်စားသုံးမှု များပြားလာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်မူ
ကညွတ်စားသုံးမှုပုံစံ များပြားလှသည်။ မြန်မာတို့သိသော ထိုင်းအစားအစာဖြစ်သည့်“ကွတ်တီယိုပြုပ်”
ထဲ အစိမ်းအတိုင်းချိုးထည့်ကာ စားကြသည်။ မြန်မာတို့ မုန့်ဟင်းခါးထဲ ပဲတောင့်ရှည်ချိူးထည့်စားသလို
စားကြခြင်းဖြစ်သည်။ ကညွတ်သည် နှစ်ရှည်ခံပြီး (၁၀)နှစ်ကျော်ထိ ရိတ်သိမ်းနိုင်သေးသည်။
မြေသြဇာထက်သန်ပြီး အစိုဓါတ်ကောင်းသော သဲနူန်းမြေသည် စိုက်ရန်အကောင်းဆုံးဖြစ်
သည်။ ရေ၀ပ်ခြင်းကို မနှစ်သက်ပါ။ သစ်စိမ်းမြေသြဇာသည် ကညွတ်ပင်အတွက် အရေးကြီးသည်။ အ
များအားဖြင့် ကညွတ်စိုက်မြည့်မြေတွင် ပဲမျိုးရင်းဝင် အပင်တမျိုးမျိုးစိုက်ပြီး အပွင့်မပွင့်မီ ထယ်ထိုးကာ
ဖုံးလိုက်ခြင်းဖြင့် သစ်စိမ်းမြေသြဇာရအောင် ပြုလုပ်ကြလေ့ရှိသည်။
ကညွတ်ကို အစေ့ပျိုးထောင်၍လည်းကောင်း ဥကိုဖဲ့၍လည်းကောင်းစိုက်နိုင်သည်။ အစေ့
ကို(၃)ရက်ကြာ ရေစိမ်ရသည်။ ရေကို တနေ့တစ်ကြိမ် လဲပေးရန်လိုသည်။ ပြီးနောက် ပျိုးခင်းတွင် တစ်
စေ့နှင့်တစ်စေ့(၁”-၂” )ခြား၊ တစ်တန်းနှင့်တစ်တန်း( ၁’ )ခြားပြီး ပျိုးပါ။ (၂-၆)ပတ်အတွင်း အပင်ထွက်
ပါမည်။(၄)လသားအရွယ် အပင်ပေါက်အမြင့်(၆”-၈”)ရှိလာက တစ်ပင်နှင့်တစ်ပင်(၁’-၁.၅’)၊ တစ်တန်း
(၃’-၆’)ခွာပြီး စိုက်ခင်းထဲပြောင်းစိုက်ပါ။ တစ်ဧကအတွက်မျိုးစေ့ (၄ ပေါင်)( ၂ ကီလိုဂရမ်ခန့်)လိုသည်။
ဥနှင့်စိုက်လိုပါက ဥကိုဖဲ့ပြီး မေနှင့်ဇွန်လများတွင် စိုက်ရသည်။ ဥကျင်းအနက် (၈”) ရှိရမည်။ တစ်ကျင်း
နှင့်တစ်ကျင်း (၁’-၁.၅’)ခြား၊ တစ်တန်းနှင့်တစ်တန်း( ၃’-၆’ )ခြားပြီး စိုက်ပါ။
မိုး၊ ဆောင်းတွင်းနှင့် နွေကာလတလျှောက်လုံး ပေါင်းရှင်းခြင်း၊မြေသြဇာကျွေးခြင်း၊ ဘောင်
တင်ခြင်းတို့ဖြင့် ပြုစုထားပါ။ နွေကာလလွန်မြောက်ပြီး မိုးဦးမကျမီတစ်ပါတ်အလိုတွင် မြေပြင်ပေါ်မှ က
ညွတ်ပင်များကို ခုတ်ပစ်ပြီးမီးရှို့ပါ။ နွားချေး၊မြေဆွေးများထည့်ပေးပါ။ မိုးကျလာသည်နှင့်အစို့များထွက်
လာပါမည်။ စိုက်ပြီး (၂) နှစ်သားမှစတင်ကာ ကညွတ်စို့များ ရိတ်သိမ်းနိုင်သည်။ ဖျန်းမျှ (၇)နှစ်သားထိ
အရည်သွေးကောင်းကညွတ်များ ရနိုင်သည်။ ဘောင်မြှောက်ခြင်း၊မြေသြဇာကျွေးခြင်းတို့အပေါ်မူတည်
ပြီး (၁၀)နှစ်သားအထိ ထွက်ရှိနိုင်သည်။ တစ်ဧက ပိသာချိန်(၃၀၀ မှ ၅၀၀)ထိထွက်နိုင်သည်။
ပန်းအိုးဖြင့်စိုက်လိုလျှင် မြေဆွေး(၅၀%)၊ သဲ(၄၀%)၊ ပြာ(မီးဖိုပြာ၊အမှိုက်မီးရှို့၍ရသောပြာ)
(၁၀%) အချိုးတို့ဖြင့်ရောစပ်ထားသောမြေကို ပန်းအိုးထဲထည့်ကာ ကညွတ်ပျိုးပင် (သို့) ဥကို (၂”-၃”)
ခြားထည့်စိုက်ပါ။ မနက်၊ ညရေလောင်းပါ။ အစို့ထွက်စေရန် တစ်နှစ်သားအပင်ကိုဖြတ်ထုတ်ပစ်ပြီး အိုး
ထဲပို့ သတင်းစာစက္ကူများထည့်ကာ မီးရှို့ပါ။ မီးတအားမပြင်းစေရန်သတိပြုပါ။ ပြီးနောက်ပိုင်း ရေမှန်မှန်
လောင်းပေးက မကြာမီ အစို့များထွက်လာပါမည်။
No comments:
Post a Comment