လာကြရတယ်။ ညီငယ်၊ညီမငယ်တို့လည်း လောကဓမ္မတာထဲမှာဘဲဆိုတာ မမေ့ကြနဲ့နော် ဟီး။
ဒီတော့ ကြိုတင်ပြင်ဆင်၊အောင်ပွဲဝင်ဆိုသလို သိစရာရှိတာလေးတွေ ကြိုတင်သိပါစေဆိုပြီး သ
ကာလ ရေးပြနေရတာလေ။ ကဲ…ဖေဖေအလောင်းလျာ၊ မေမေအလောင်းလျာတို့ရေ မွေးကင်း စနို့တိုက်အရွယ် အနှီးစအတွယ်မလွတ်သေးတဲ့ ကလေးငယ်လေးတွေဟာ အကြောင်းကြောင်း
ကြောင့် ကြို့(ဂျို့)ထိုးတတ်တယ်ဗျ။ သာမန်(၂-၃)ချက်လောက်ထိုးတာက ကိစ္စမရှိပေမယ့် တ
ကယ့်ကိုဆက်တိုက်ကြီးထိုးလာရင်တော့ “တရုတ်ကြီးကိစ္စရှိလာပြီ” ပေါ့။
“ ကိစ္စမရှိ၊ တရုတ်ကြီးကိစ္စရှိလာပြီ” စတဲ့ စကားလုံးတွေ အာချောင် သုံးမိလိုက်ပြီဆိုတော့
အဓိပ္ပါယ်ပေါ်အောင် ရှင်းရမယ့် ၀တ္တရားရှိလာပြန်ပေါ့။ ဗဟုသုတရစိမ့်သောငှါ ရေးပါလေသော
ကြောင့် သည်းခံဖတ်ပေးပေါ့နော် ။ ဟိုး…..ရှေးရှေးတုန်းကဆိုရင် မြစ်ကြီးတွေမှာ ခုခေတ်လိုမျိုး
မြစ်ကူးတံတားကြီးတွေ အပြိုင်ထိုးထားတာမရှိဘူးလေ။ ဒီတော့ ဖြတ်ကူးဖို့ လှေ၊သဗ္ဗာန်တွေကို
သုံးကြရတယ်။ ကူးတို့သဗ္ဗာန်သမားတွေ အလုပ်ဖြစ်ကြတာပေါ့။ ဧရာဝတီရဲ့မြစ်ဆိပ်တခုမှာ တ
ရုတ်ကြီးတစ်ယောက်လည်း သဗ္ဗာန်ခတ်ခြင်းအလုပ်နဲ့ အသက်မွေးတယ်။ဗမာစကားမပီကလာ
ပီကလာနဲ့ အေးအေးဆေးဆေးနေတတ်လို့ ခရီးသည်တွေကသူ့ကိုနှစ်သက်တယ်။အခြားသော
လူလည်ကူးတို့သမားတွေကိုကြည့်မရကြတော့ သူ့ဆီကိုလာကြတာများတယ်။သူက လေလေး
တချွန်ချွန်နဲ့နေတတ်ပြီး သူ့လက်သုံးဗမာစကားလေးတစ်ခွန်းကတော့ “ကိစ္စမရှိပါဘူး” တဲ့။
“ဖိုးတရုတ်ကြီး၊ပစ္စည်းအ၀ယ်လွန်သွားလို့ကူးတို့ခမကျန်တော့ဘူး၊နောက်မှဘဲယူနော်” ဆိုရင် သူက “ကိစ္စမရှိပါဘူး”တဲ့။“ ဖိုးတရုတ်ကြီး၊ ကျွန်မလက်မအားတော့လို့ ဒီဆွဲခြင်းတောင်း
လေး ကမ်းပေါ်ယူတင်လာပေးပါနော်” ဆိုလည်း သူက “ကိစ္စမရှိပါဘူး” ဘဲပေါ့။ အရာအားလုံး
ဟာ သူ့အတွက် “ကိစ္စမရှိပါဘူး” ဘဲ၊ ဒီတော့ ခရီးသည်တွေ သူ့ကိုချစ်ကြတာ မဆန်းပါ။ တနေ့
ရာသီဥတုကသိပ်မကြည်လင်၊ မြစ်ပြင်မှာလည်း လေတဟူးဟူးပေါ့။ သူ့သဗ္ဗာန်ပေါ်မှာ လူ(၅)ဦး
ရောက်နေပြီ။ ဒီအထဲမှာ ဘုန်းတော်ကြီးတပါး ပါတယ်။ ကိုယ်တော်ကြီးက ရေမကူးတတ်တော့
မြစ်ပြင်ကိုကြည့်ပြီး စိုးရိမ်နေဟန်ရှိတယ်။ ဒီလိုနဲ့ ကမ်းကခွာလာတယ်ဆိုပါတော့။ ကိုယ်တော်
ကြီးက သူ့ခြေဖ၀ါးကိုရေလာထိတော့ မျက်လုံးပြူးသွားတယ်။ဘယ့်နှယ် လှေဝမ်းထဲ ရေ၀င်လာ
ပါလိမ့်လို့ ကြည့်လိုက်တော့ သူ့ခြေထောက်နား လှေဝမ်းအပေါက်ကလေးကနေ ရေ၀င်နေတာ
တွေ့တော့ တရုတ်ကြီးကိုလှမ်းအော်ပြီးသတိပေးလိုက်တယ်။ တရုတ်ကြီက“ကိစ္စမရှိပါဘူး”တဲ့။
ဒီလိုနဲ့ ကိုယ်တော်ကြီးရဲ့ခြေကျင်းဝတ်ရောက်အောင် ရေ၀င်လာတယ်။ ကိုယ်တော်ကြီးကအော်
ပြောလိုက်ပြန်တယ်။ တရုတ်ကြီးက“ကိစ္စမရှိပါဘူး”တဲ့။ခရီးသည်ထဲတယောက်က ခွက်ကလေး
နဲ့ရေပက်ထုတ်လိုက်၊ လှေဝမ်းပေါက်လေးကပိုကြီးလာလို့ ရေပိုဝင်လာလိုက်နဲ့ လှေဝမ်းတ၀က်
ရေ၀င်နေပြီ။ ကိုယ်တော်ကြီးမျက်လုံးက ပုဇွန်မျက်လုံးထက်တောင် ပိုပြူးလာပြီး လှမ်းအော်ပြန်
တယ်။ တရုတ်ကြီးကတော့ထုံးစံအတိုင်း“ကိစ္စမရှိပါဘူး”ဘဲ။ ဒီလိုနဲ့ မြစ်အလယ်ခေါင်အရောက်
မှာ မိုးသက်လေပြင်းကျလာလို့ လှေလူးလာတော့ နဂိုဝမ်းပေါက်လို့ဝင်တဲ့ ရေအပြင် လှိုင်းပုတ်
လို့ရေထပ်ဝင်တာကြောင့် လှေနံကမြစ်ရေပြင်ရဲ့အထက်မှာ တထွာသာသာ ဘဲပေါ်တော့တယ်။
ဒီတခါ ကိုယ်တော်ကြီးတင်မက ကျန်ခရီးသည်တွေကပါ ၀ိုင်းအော်ကြတော့ တရုတ်ကြီးက စ
ကားတခွန်းပြန်ပြောပြီး လှော်တက်ကိုပစ်ချ၊လူပါရေထဲကို အရင်ဆုံးခုန်ချလိုက်တော့တယ်။ သူ
ဘာပြောခဲ့လိုက်တယ်ထင်လဲဟင်…။ “ကိစ္စရှိလာပြီ၊ ရေကူးတော့” တဲ့။
ကဲ ကဲ အရေးလွန်သွားလို့ Post ခေါင်းစဉ်ကို “တရုတ်ကြီးရဲ့ ကိစ္စမရှိ” လို့တောင် ပြောင်း
တတ်ရမလိုဖြစ်နေပြီ။ ဒီတော့ ကလေးကကြို့(ဂျို့)တအားထိုးရင် ကိစ္စရှိလာပြီပေါ့နော်။ ဒီမှာ
ကလေးအမေက အဓိကကျတယ်။ မအေလုပ်တဲ့သူက ကလေးရဲ့အနှီးစကို အပိုင်းအစကလေး
တခုရအောင် သွားနဲ့ကိုက်ဖြတ်ပြီး တံတွေးဆွတ် ကလေးရဲ့နဖူးအလယ်တည့်တည့်မှာ ကပ်ပေး
လိုက်ရင်သက်သာသွားပါလိမ့်မယ်ညီငယ်ညီမငယ်။ကလေးရဲ့အနှီးစကို မေမေ့ရဲ့သွားနဲ့ဘဲကိုက်
ဖြတ်နော်။ မေ့ပြီးတော့ ဖေဖေ့ကိုပေးမကိုက်နဲ့နော်။ ပိုဆိုးသွားလိမ့်မယ် ဟဲဟဲ။
No comments:
Post a Comment