ကွန်ဒင်ဆာ
♣ အီလက်ထရောနစ်မှာ
ကွန်ဒင်ဆာဆိုတာ
လှိုင်းစစ်တဲ့ အရာကလေး ။
♣ အသံလှိုင်း
အရုပ်လှိုင်းတွေကို
လိုသလို စစ်ထုတ်
အသံအရုပ်ကောင်းစေနိုင်တယ် ။
♣ ငါ့နားထဲမှာ
ကွန်ဒင်ဆာတပ်ချင်ပြီ ။
♣ လိုတာထက်ပိုပြော
ပြောတာလောက်မလုပ်
ရှုပ်တာကို ပိုရှုပ်အောင်ပြော
နားကလော လာပြီ ။
♣ ငါ့မျက်စိထဲမှာ
ကွန်ဒင်ဆာ တပ်ချင်ပြီ ။
♣ တည်ဆောက်မည့်နိုင်ငံ
အားကြိုးမာန်တက်မှ
တော်ကာကျမယ်ဗျလို့ ဆိုလာသေး
အလကားရတဲ့ ရေနွေး
ဆိုင်ရှင်ခွေးဖြစ်အောင်သောက်
သေးထပေါက်ဖို့တောင်ပျင်း
လက်ဖက်ရည်ဆိုင်တွင်းက
အတင်းအဖျင်းတွေကို
မမြင်လိုတော့ဘူး ။
(နဂါနိုင်)
No comments:
Post a Comment