ရာသီဥတုအေးနေရင် တော်သေးရဲ့။ နဲနဲပူလာရင် ချွေးတွေနဲ့အတူ မျက်နှာမှာလိုက်ထွက်လာ
တာတော့ အဆီတွေပေါ့။ မျက်နှာအဆီပြန်တာပေါ့နော်။ တော်တော့်ကို စိတ်ကသိကအောက် ဖြစ်
ကြရတာကလား ... ဗျာ ။ ယောကျာ်းတွေရဲ့ မျက်နှာဆီပြန်နေတာကြည့်ပြီး အဓိပ္ပါယ်ဖော်ပုံတွေက
ကြောက်စရာကိုကောင်းနေတာ။ ဘာကြီးနှာကြီးတဲ့လေ။ “လှေနံဓားထစ်” သမားတွေပေါ့ဗျာ ။ ဘာ
ဘဲပြောပြော လူတွေဟာ ကိုယ့်ခန္ဓာရဲ့ သဘောသဘာဝအတိုင်းဘဲ ရှိကြလေတော့ အပြစ်မဆိုကြ
နဲ့ပေါ့ ။ အဆိုးထဲက အကောင်းဆုံးဖြစ်တဲ့ လက်ဆောင်တခု ရထားတယ် ဆိုတာတော့ သိသူနဲကြ
မှာပါ ။ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အဆီတွေကို မျက်နှာတို့ အခြားအရေပြားတွေကတဆင့်
ထုတ်ပြစ်လိုက်တော့ သွေးလမ်းကြောင်းထဲမှာ ဒုက္ခပေးနိုင်ခြေ နဲသွားတယ်လို့ ပညာရှင်တွေက
ပြောကြတယ် ။ ၀မ်းသာပါတော့နော် ။ ဒါက သဘာဝတရားကြီးဆီက အကြီးမားဆုံးလက်ဆောင်
ရတာဘဲမဟုတ်လား .....။
ကဲပါ အဆီပြန်နေတဲ့မျက်နှာလေးကိုထိန်းကြရအောင်နော် ။ နည်းလမ်းလေးက လွယ့်လွယ်
လေး။ မျက်နှာသစ်မယ့်ရေထဲကို ရှောက်သီးရည်(ဒါမှမဟုတ်)သံပုရာသီးရည်နဲနဲလေးထည့်ပြီး သစ်
ပေးကြပါနော်။ သူများတွေထက် ပိုမိုစိုပြေ၀င်းပတဲ့ မျက်နှာလှလှလေးဖြစ်လာတာကြောင့် စိတ်ချမ်း
သာကြရလိမ့်မယ်။ မကြာမကြာ သစ်ပေးကြနော်။
No comments:
Post a Comment