တစ်ခုက လွဲပြီး
♣ နုနု လှလှ
ဖုဖု ရွတာ
အဲဒါ…ငါ့ဟာ ငါ့ဟာ ။
♣ ဆူဆူ ဖြိုးဖြိုး
ခိုင်းကောင်းမျိုးပါ
အဲဒါ…ငါ့ဟာ ငါ့ဟာ ။
♣ စုံစုံ လင်လင်
ဖွယ်ဖွယ် ရာရာ
နတ်သုဒ္ဓါ
အဲဒါ…ငါ့ဟာ ငါ့ဟာ ။
♣ ကြိုင်ကြိုင်လှိုင်လှိုင်
ဝေေ၀ ဆာဆာ
သီးပွင့်မြေလွာ
အဲဒါ…ငါ့ဟာ ငါ့ဟာ ။
♣ သစ်သစ် လွင်လွင်
တောက်တောက် ပပ
“လိပ်တက်”ကျတာ
အဲဒါ…ငါ့ဟာ ငါ့ဟာ ။
♣ ကျိုးကျိုး နွံနွံ
၀ပ်ဝပ် ပြားပြား
နားကပ်ဖားသူ
အဲဒါ…ငါ့လူ ငါ့လူ ။
♣ ဇရာ ဇရာ
အိုအို နာနာ
နောက်ဆုံးခါ
အ၀ီစိဖိတ်စာ
ရှေ့ရောက်လာခဲ့
အဲဒါ…ငါ့ဟာမဟုတ် ငါ့ဟာမဟုတ်
တဲ့…..။
(နဂါးနိုင်)
No comments:
Post a Comment