Wednesday, April 13, 2016

ပိတောက်နဲ့ ဝေးသွားသူ


       ပိတောက်နဲ့ ဝေးသွားသူ

♣   အရင်နှစ်တွေခါ
     ပိတောက်ဝါကို
     မေ့ကေသာဆံထုံးမှာ
     ပန်ဆင်ပါစေ
     ရွယ်ကာလေ မောင်ခူး ။

♣   ပိတုန်းရောင်ကေသာမှာ
     ပိတောက်ဝါနဲ့လှသား
     ပါးကွက်ကျားလေးနဲ့မေ ။

♣   ဒီနှစ်ခါ
     ပွင့်ရှာပြန်ပေါ့ရွှေပိတောက်
     ဆံထုံးပျောက်ဂုတ်ဝဲနေ
     မေ့ကေသာနီကြောင်ကြားဝယ်
     ဘယ့်နှယ်ပန်ပေးပါရ
     တွေးမရသည်ကြောင့်
     ပိတောက် မောင်မခူး ။
                                   (နဂါးနိုင်)

No comments:

Post a Comment