Wednesday, April 13, 2016

ဝေ လေ လေ



       ဝေ လေ လေ

♣   ဒို့လူလေးများဆိုသလေ
     ဝေလေလေ ဝေ လေ လေ
     နွေမှာ ပျော်တယ်
     မိုးမယ် ရွှင်မြူး
     ဆောင်းကူး မအား
     ဆယ့်နှစ်ပွဲသွားကြ ။

♣   ဒို့လူလေးများဆိုသလေ
     ဝေလေလေ ဝေ လေ လေ
     နွေမှာ ပူတယ်
     မိုးမယ် စိုစွတ်
     ဆောင်း လွှတ်ချမ်းအေး
     ဆင်ခြေပေးပြီး
     အလုပ်နဲ့ဝေး၏ ။

♣   ဒို့လူလေးများဆိုသလေ
     ဝေလေလေ ဝေ လေ လေ
     အရှေ့ကိုတဲ့ မမီလောက်
     အနောက်က ကျော်တက်
     တောင်ဖက်က အုပ်စီး
     မြောက်ထီး ခိုရနဲ့ ။

♣   ဒို့လူလေးများဆိုသလေ
     ဝေလေလေ ဝေ လေ လေ
     သို့ပေမယ့်လည်း
     လည်ချောင်းကွဲအောင်
     ကျယ်လောင်အော်တတ်
     မင်းပါးစပ်မှာ
     ငါတို့နိုင်ငံ ငတ်နေပြီ…တဲ့ ။
                                      (နဂါးနိုင်)

No comments:

Post a Comment