Friday, April 15, 2016

LED မီးပြေးဆိုင်းဘုတ် လုပ်ကြရအောင်

             တရုတ်က ကဒ်အလိုက်အစားထိုးလဲလှယ်တဲ့ ပစ္စည်းတွေဝင်လာတဲ့ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း
တွေကစပြီး အီလက်ထရောနစ်စက်ပြင်လောက တဖြေးဖြေးယိုင်ကျသွားခဲ့ရပါတယ်။  နည်းပညာတွေပိုပို
မြင့်လာတော့ အရင်က လက်မလောက်ရှိတဲ့ IC ခုတော့ နှမ်းစေ့လောက်ဘဲရှိတော့တာမို့ စက်ပြင်သမား
တွေ ဖြုတ်ပြင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီလိုနဲ့ စက်ပြင်ဆိုင်တခါးတွေ ပိတ်ကုန်ကြရတာပေါ့။
             လေ့လာလိုက်စားသူတွေ မရှိသလောက်ရှားကုန်ပြီ။ ဒါပေမယ့် လေ့လာချင်တဲ့ ၊ လက်တွေ့လုပ်
ချင်တဲ့လူငယ်တွေ၊၀ါသနာရှင်တွေရှိလိုရှိငြား ရေးသားရခြင်းပါခင်ဗျ။ လေ့လာစရာ မြန်မာအီလက်ထရော
နစ်ဆိုက်တွေ အများကြီးရှိပါတယ်။ကောက်ကြောင်းကတော့စတိုင်တမျိုးနဲ့တင်ဆက်မှာမို့လို့ ဆက်လက်ရှု
စားကြပါခင်ဗျာ။
             LED နဲ့ ဆိုင်းဘုတ်စာလုံးတွေစီကြစို့။ ပတ်လမ်းကတော့ www.electronic-circuits-diagrams.com  ကပါ။ 

   
          ဒါကို ဆိုင်တွေမှာဝယ်လို့ရနိုင်သေးတဲ့ အထွေထွေသုံးဆာ့ကစ်ပြားလေးနဲ့လုပ်ကြည့်ရအောင်။ လက်တွေ့တည်ဆောက်အောင်မြင်ပြီးမှ ချရေးတယ်ဆိုတာကို ဆက်ဖတ်ကြည့်ရင်းနဲ့ သိလာပါ့မယ်။


              အောက်ကပုံဟာ ကောက်ကြောင်းကိုယ်တိုင်လုပ်ထား တာပါ။ မျက်စိတော့နဲနဲရှုပ်ပါမယ်။ ဒုက္ခ
ခံမယ့် ၀ါသနာရှင်အတွက်တော့ ကြည့်ရင်းနဲ့ ရှင်းလာပါလိမ့်မယ်။


          မူရင်းပတ်လမ်းပုံနဲ့ ဒီပုံကို တိုက်ပြီးတည်ဆောက်ကြည့်ပါ။ အလွယ်တကူတည်ဆောက်နိုင်စေဖို့ရာ
အတွက် ပုံထုတ်ပေးလိုက်ခြင်းပါ။  LED ဆက်သွယ်ရာမှာတော့  သတိထားရပါမယ်။ မူရင်းပါတ်လမ်းမှာက
2N3053သုံးထားတော့ LED တစ်တွဲလုံးကိုနိုင်ပေမယ့် သိတော်မူတဲ့အတိုင်း လိုချင်တာဝယ်မရတဲ့ နိုင်ငံကြီး
သားကောက်ကြောင်းကတော့ C1815 ကိုသုံးထားတော့ LED တစ်တွဲလုံးကိုမနိုင်ဘူးလေ။ ဒီတော့ အကြံ
ထုတ်ရတယ်။ မခက်ပါဘူး အောက်ပုံကအညွှန်းအတိုင်းသွယ်လိုက်ပေတော့။



             W ကနေစပြီး E L C O M E ဆိုပြီးစာလုံးတွေဖော်သွားပါလိမ်မယ်။ E ကိုမရောက်မချင်း ရှေ့စာလုံး
တွေမှိတ်မသွားဘူးနော်။ ကောက်ကြောင်းကတော့ " 7COLOUR" ဆိုပြီး အပ်ချူပ်ဆိုင်ဆိုင်းဘုတ်တစ်ခုလုပ်
ပေးထားပါတယ်။ ဒီလောက်ပေါများနေတဲ့ခေတ်မှာကွာ အဆင့်မြင့်ပြီး ပိုကောင်းတဲ့ဆိုင်းဘုတ် ၀ယ်ပြီးကြိုက်
သလိုရိုက်ထည့်လိုက်ရင်မပြီးလားကွာလို့ပြောရင်လည်း သဘောပါ။ ကောက်ကြောင်းငယ်ငယ် (၆)တန်းမြန်
မာဖတ်စာအုပ်ထဲက တိုင်းရင်းသားစကားပုံတစ်ခုကိုမရွတ်ပြပါဘူးလို့။ “ ၀ယ်စားသူက ကျွန်၊ လုပ်စားသူက
သခင်” ဆိုတာလေ...။


No comments:

Post a Comment