မဟာဂရုဏာသမားငါ
♣ တိရိစ္ဆာန်တွေအား
သနားခြင်းဂရုဏာ
ကိုယ်ချင်းစာလျှက်
အသက်သတ်ခြင်းမှာ
ရှောင်တာကြာပေါ့ ။
♣ အိမ်မွေးကြောင်လေး
ဂရုဏာထွေးကာ
အစာကောင်းကျွေး
ပိုးလေးနှံကောင်
မခုတ်အောင်တား
သူ့အားအကုသိုလ်မပွားစေ ။
♣ တနေ့
ငါ့ရှေ့ဖြတ်ပြေး
ပိုးဟတ်လေးကို
မောင်ကြောင်ပိုလိုက်
ကိုက်မယ့်ဟန်ပြင်
အလျှင်အော်ငေါက်တားသော်ငြား ။
♣ ဟန့်တားနေခိုက်
ခုတ်ထည့်သွားလိုက်
ဒီကြောင်မိုက်လေး
တံမြက်စာကျွေးမိ ။
♣ အဲ…..
ကြောင်မယ်အကုသိုလ်
မဖြစ်စေလိုဟု
တားပြုခြင်းမမြည်
သည်အကောင်ကား
ငါတားလျှက်က
လုပ်ရသလား
ငါ ငါ ငါ တားရက်က…။
♣ အော်…
သူ ပါဏာတိ
ကျူးမိမှာထက်
ငါ့အမိန့်မရွက်ကြောင့်
ဒေါသထွက်တာ
ငါ ငါ ငါ
မဟာဂရုဏာသမားကြီး ။
(နဂါးနိုင်)
No comments:
Post a Comment