(တင့်ထွန်းဆွေ၏ နိုင်ငံရပ်ခြားပုံပြင်များ
စာ-၂၆၇ မှဖြစ်ပါတယ်။ ဖတ်ကြည့်မှ အဓိပ္ပါယ်အတော် ရှိတာကိုတွေ့ရပါတယ်)
ဟိုးရှေးရှေးတုန်းကပေါ့။
ေ၀၀န်ရှင်တော်မင်းကြီး
“၀င်” ကာလတုန်းက တပ်မှူးတယောက်ရှိတယ်။ သူ့အမည်က “ဇီမင်ဗောင်” လို့ခေါ်တယ်။ ဇီမင်ဗောင်
တပ်မှူးကြီးဖြစ်လာတဲ့အခါ ဒေသဆိုင်ရာ အကြီးအကဲတွေကို စုစည်းခေါ်ယူပြီး ပြည်သူတွေရဲ့အခြေအနေ
၊ပြည်သူတွေရဲ့ ခံစားမှုတွေကိုမေးမြန်းတယ်။ ဒေသဆိုင်ရာအကြီးအကဲတွေက ပကတိအခြေအနေတွေကိုတင်ပြကြတယ်။
“မြစ်စောင့်နတ်ဘုရားရဲ့
ထိမ်းမြားလက်ထပ်ပွဲတွေကြောင့် ဆင်းရဲမွဲတေမှုကို ခါးစည်းခံကြရတယ်”
အဲဒီစကားကြားရတော့
ဇီမင်ဗောင်ဟာ ကိစ္စရဲ့အရင်းအမြစ်ကိုမေးတယ်။ ဒေသဆိုင်ရာအကြီးအကဲတွေ ဖြစ်ရပ်မှန်ကိုဇတ်ကြောင်းလှန်ပါတော့တယ်။
“သက်ဆိုင်ရာအရာရှိတွေက ပြည်သူတွေထံ
အခွန်အတုပ်နှစ်တိုင်းကောက်တယ်။ နှစ်တိုင်း ရာထောင်ပေါင်းများစွာ ကောက်ခံရရှိတယ်။ အဲဒီအနက်
ထောင်ပေါင်းနှစ်ရာ(သို့)သုံးရာကို မြစ်နတ်ဘုရားအတွက် မိန်းမဆက်သရေးကုန်ကျစရိတ်အဖြစ်ပေးရတယ်။
မင်္ဂလာအခမ်းအနားကိုကူညီ
ဆောင်ရွက်ပေးတဲ့ သြဇာတိက္ကမရှိနတ်ဝင်သည်မအတွက်
အနည်းငယ်ချန်ထားပီး ကျန်အားလုံးကို အရာရှိတွေ ခွဲဝေယူကြတယ်။နတ်ဝင်သည်မဟာ ဒေသမှာရှိတဲ့မိသားစုတွေကို
စစ်တမ်းကောက်တယ်။မိသားစုတစစုမှာ အချောအလှသမီးကညာရှိတာတွေ့ရင် မြစ်နတ်ဘုရားရဲ့ဇနီးဖြစ်ရမယ်ဆိုပြီး
ခေါ်ယူသွားတယ်။ ရေချိုးပေးတယ်။ ပိုးထည်ဝတ်ကောင်းစားလှကိုဝတ်ဆင်ပေးတယ်။ ၀ါရှောင်စေတယ်။
လူတွေက မြစ်ကမ်းနဘေးမှာ တဲနန်းတခု ဆောက်ပေးတယ်။ တဲနန်းကို ပိုးကန့်လန့်ကာတွေနဲ့ ကာထားတယ်။
မိန်းကလေးကို အဲဒီထဲမှာ နေခိုင်းထားတယ်။ လူတွေက သူစားဖို့အစားအစာတွေ၊အရက်တွေ ချက်ပြုတ်ပေးတယ်။
အဲဒီထဲ ဆယ်ရက်သီးခြားထားပြီးနောက် လူတွေက မိန်းကလေးကိုအမွှန်းတင်ကြတယ်။ ဖျာခင်းပေးပြီးထိုင်ခိုင်းကြတယ်။
အဲဒီနောက် မြစ်ထဲကို ချကြတယ်။ ပထမတော့မမြုပ်ဘူး။ ရေပေါ်မှာပေါ်နေတယ်။ နောက် တဖြည်းဖြည်းမြုပ်သွားတော့တယ်။
သမီးရှိတဲ့မိသားစုတွေကလည်း နတ်ထိန်းမိန်းမက သူတို့သမီးတွေကို မြစ်နတ်ဘုရားနဲ့ ထိမ်းမြားပေးမှာ
စိုးရိမ်နေကြတယ်။ ဒါကြောင့် သူတို့တွေ အဲဒီမှာမနေတော့ဘဲ ဝေးရာအရပ်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်။
ဒီလိုနဲ့ ရွာမှာ လူတွေတဖြေးဖြေးနဲသွားတယ်။ ဆင်းရဲတွင်းလည်း နက်နက်လာတယ်။ အဲဒါ အကြာကြီး
ဆက်လက်ဖြစ်ပွားနေတယ်။ လူတွေပြောတာတောင်တခုရှိသေးတယ်။ မြစ်နတ်ဘုရားအတွက် သတို့သမီးမရှိတဲ့အခါ
ရေလွှမ်းမိုးမှုတွေ အနှံ့အပြားဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတဲ့စကားပါဘဲ”
ဇီမင်ဗောင်ဟာ
ဒေသဆိုင်ရာအကြီးအကဲတွေရဲ့ ပြောကြားချက်တွေကို အသေအချာ နားထောင်တယ်။ပြီးနောက် သူတို့ကို
မှာကြားတယ်။
“နောက်တကြိမ်
မြစ်နတ်ဘုရားမိန်းမယူတဲ့အခါ အရာရှိတွေနဲ့ နတ်ထိန်းမိန်းမတို့ သတို့သမီးဆက်သတဲ့အခါ ရှိအုံးမှာပါ။
အဲဒီအခါ ငါ့ကိုအစီရင်ခံပါ။ ငါလည်း သတို့သမီးကို လာရောက်တွေ့ရမှာဘဲ”
“ကောင်းပါပြီ
တပ်မှူးကြီး”
သတို့သမီးပို့ရမယ့်အချိန်ရောက်တဲ့အခါ
ဇီမင်ဗောင်ဟာ မြစ်ကိုသွားခဲ့တယ်။ မြစ်မှာ အရာရှိတွေ၊ရွာမျက်နှာဖုံးတွေ စုဝေးရောက်ရှိနေကြပြီ။
သာမန်လူတန်းစားတွေလည်း ရောက်နေကြတယ်။ လာရောက်လေ့လာကြည့်ရှုသူတွေ နှစ်ထောင် သုံးထောင်လောက်ရှိတယ်။
နတ်ထိန်းမိန်းမကြီးက အသက်ခုနှစ်ဆယ်ကျော်နေပြီ။ သူ့လက်ထောက် အလုပ်သင်ဆယ်ယောက်လည်း ပါလာတယ်။
သူတို့တွေက ပိုးထည်တွေ ၀တ်ဆင်ထားကြပြီး နတ်ထိန်းမိန်းမကြီးရဲ့နောက်မှာ ရပ်နေကြတယ်။
ဇီမင်ဗောင်က နတ်ထိန်းမိန်းမကြီးကိုပြောတယ်။
“မြစ်နတ်ဘုရားဇနီးကို ခေါ်လိုက်ပါ၊သူဘယ်လောက်ချော၊ ဘယ်လောက်လှလည်းကြည့်မယ်”
နတ်ထိန်းမန်းမကြီးနဲ့ တပည့်တွေက မိန်းကလေးကို တဲနန်းကခေါ်ထုတ်လာတယ်။
ဇီမင်ဗောင်ဟာ သူ့ရှေ့ရောက်လာတဲ့ မိန်းကလေးကို စေ့စေ့ကြည့်တယ်။ ဒီနောက် အရာရှိကြီးတွေ၊
ရပ်ရွာမျက်နှာဖုံးတွေ၊ နတ်ထိန်းမိန်းမကြီးတို့ဖက် လှည့်ပြောတယ်။
“မိန်းကလေးက မြစ်နတ်ဘုရားနဲ့ မလိုက်ဖက်သေးဘူး၊ နတ်ထိန်းကြီး ကိုဒုက္ခပေးသလို
ဖြစ်နေမလားမသိဘူး၊ ကျွန်တော်တို့ အခုမိန်းကလေးထက် ချောတဲ့လှတဲ့ မိန်းကလေးရှာနေပါတယ်၊
ရက်အနည်းငယ်အတွင်း ဆက်သပါ့မယ်လို့ ခင်ဗျားသတင်းပို့ပေးပါ”
ဇီမင်ဗောင်လည်း ပြောပြီးပြီးချင်း သူ့တပ်သားတွေကို နတ်ထိန်းမိန်းမကြီးအား
ဖမ်းချူပ်စေပြီး မြစ်ထဲပစ်ချဖို့ အမိန့်ပေးတယ်။ စစ်သားတွေက ဖမ်းချူပ်ပြီး မြစ်ထဲပစ်ချတယ်။
အတန်ငယ်ကြာတဲ့အခါ တပ်မှူးကြီးကပြောတယ်။
“နတ်ထိန်းကြီး ဘာဖြစ်လို့ဒီလောက်ကြာနေရတာလဲ၊ မြန်မြန်လာအောင် နောက်တယောက်ကိုထပ်ပို့အုံး”
စစ်သားတွေက နတ်ထိန်းအငယ်တွေထဲက တယောက်ကို မြစ်ထဲပစ်ချလိုက်ပြန်တယ်။
အတန်ငယ်ကြာတဲ့အခါ တပ်မှူးကြီးကပြောပြန်တယ်။
“နတ်ထိန်းငယ် ဘာဖြစ်လို့ဒီလောက်ကြာနေရတာလဲ၊ မြန်မြန်လာအောင် နောက်တယောက်ထပ်ပို့အုံး”
စစ်သားတွေက အောက်ထပ်နတ်ထိန်းငယ်တယောက်ကို မြစ်ထဲပစ်ချလိုက်ပြန်တယ်။
နတ်ထိန်းငယ်သုံးယောက်အထိ သူတို့မြစ်ထဲပစ်ချခဲ့တယ်။ အဲဒီနောက် ဇီမင်ဗောင်က
“နတ်ထိန်းငယ်တွေ၊နတ်ထိန်းကြီးတွေဟာ မိန်းမသားတွေဖြစ်တယ်၊ သူတို့အလုပ်
အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး၊ အရာရှိသုံးယောက်သွားပြီး ဒီကိစ္စကိုစောင့်ကြပ်ရင်
ကောင်းမလားမသိဘူး”
လို့ပြောတဲ့အခါ စစ်သားတွေက အရာရှိသုံးယောက်ကိုဖမ်းချူပ်ပြီး မြစ်ထဲပစ်ချတယ်။
ဇီမင်ဗောင်ဟာ မတ်တပ်ရပ်ပြီး မြစ်ကို အချိန်တော်တော်ကြာကြည့်နေတယ်။ အခြားသူတွေကတော့ကြောက်ကြောက်ရွံ့ရွံ့နဲ့
စောင့်နေရတယ်။ တပ်မှူးကြီးက သူတို့ဖက်လှည့်ကာဆိုတယ်။
“နတ်ထိန်းကြီးရော အရာရှိတွေပါ ပြန်လာကြတော့မှာ မဟုတ်ဘူး၊ ကျွန်တော်တို့
ဘာလုပ်ရင်ကောင်းမလဲ”
ဇီမင်ဗောင်က နောက်ထပ်ဒေသဆိုင်ရာအကြီးအကဲတွေကို စေလွှတ်ချင်တယ်။
ဒါပေမဲ့ သူတို့အားလုံးက ဒူးထောက်ကာ မြေကြီးနဲ့နဖူးထိအောင် တောင်းပန်နေကြတယ်။ သူတို့နဖူးမှာ
သွေးစသွေးနတွေ စီးနေတယ်။ သူတို့မျက်နှာတွေ နေထိပန်းလို ညှိုးရော်နေကြတယ်။
“ကောင်းပြီလေ၊ ခဏစောင့်ကြည့်ကြသေးတာပေါ့”
ခဏကြာတော့ တပ်မှူးကြီးကပြောတယ်။
“ခင်ဗျားတို့ထနိုင်ပါပြီ၊ မြစ်နတ်ဘုရားက သူ့ဧည့်သည်တွေကို ဖမ်းဆီးထိန်းသိမ်းထားပုံရတယ်
၊ ဒါကြောင့် ကျွန်တော်တို့လည်း အိမ်ပြန်ကြမယ်”
အဲဒီအချိန်ကစပြီး “ဝေ” ဒေသကပြည်သူတွေဟာ မြစ်နတ်ဘုရားမိန်းမကိစ္စနဲ့ပါတ်သက်ပြီး
မပြောရဲ၊ မဟရဲကြတော့ဘူး။ (တရုတ်ပုံပြင်)
No comments:
Post a Comment