Thursday, April 14, 2016

AK-47 အကြောင်း တစေ့တစောင်း

Photos:http://www.topworldfact.com

                AK 47 ဟာ ကမ္ဘာ့အကောင်းဆုံးသော ဆီမီးအော်တို ချေမှုန်းရေးရိုင်ဖယ်တွေထဲက
တစ်လက်ဖြစ်တယ်။ AK47 ရဲ့ဖန်တီးရှင်ဟာ ယခင်ဆိုဗီယက်ယူနီယံက  Mikhail  Kalashnikov
ဆိုသူပါ။ရုရှားစကားနဲ့ကလပ်နီကော့ဗ်AKလို့လူသိများပါတယ်။သူဟာဆိုဗီယက်တပ်မတော်ကပါ။
               AK47ဟာ ကမ္ဘာ့ချေမှုန်းရေးရိုင်ဖယ်လောကထဲမှာ အပေါ့ပါးဆုံး ချေမှုန်းရေးရိုင်ဖယ်
တွေထဲကတစ်လက်အဖြစ် AKM Version ၀င်ပါတယ်။ ယနေ့တရားဝင်စာရင်းအရAK47အလက်
ပေါင်း သန်း (၁၂၀) ကို  ကမ္ဘာတလွှားမှာ သုံးနေကြတယ် ။  ကမ္ဘာသုံး ချေမှုန်းရေးရိုင်ဖယ် တစ်
လက်ဟာ  အရွယ်မရောက်သေးတဲ့   ကလေးသူငယ်တောင် အလွယ်တကူ ကိုင်တွယ်ပစ်ခတ်နိုင်
ပါတယ်။
AK47 ဟာ  အန္တရာယ်အရှိဆုံး ရိုင်ဖယ်တစ်လက်ပါ ။  အဝေးပစ်  အမြှောက်ကြီးတွေနဲ့ ပစ်ခတ်
တိုက်ခိုက်ခြင်း၊  ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခြင်း ၊  လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း တွေထက်
AK47  ကြောင့်  လူသေခဲ့ရတဲ့ အရေအတွက် ပိုများပါတယ် ။ ကမ္ဘာတလွှားမှာ နှစ်စဉ် လူပေါင်း
(၂၇၀၀၀၀)နီးပါးခန့်ဟာ AK47 ရဲ့ ဇီဝိန်ခြွေခြင်း ခံနေရပါတယ်။
              အမေရိကန်စစ်သားအများစုဟာအီရတ်နဲ့အာဖကန်နစ္စတန် အထူးစစ်ဆင်ရေးတွေမှာ
AK47 ကို သုံးကြတယ်။ AK47ရဲ့ Type of Dust ကိုသဘောကျလို့ဖြစ်တယ်။ AK47ကို ဗုံးသီးပစ်
လောင်ချာအနေနဲ့လည်း အဆင့်မြှင့်ထုတ်လုပ်ကြတယ်။
            ဆက်တိုက်ပစ်ခတ်မှုအတွက် အကျိုးသက်ရောက်မှုအပြည့်ရှိမယ့်ကျည်အရေအတွက်က
(၈၀၀၀)မှ(၂၀၀၀၀)နီးပါးဖြစ်တယ်။ ထိရောက်မှုအကွာအဝေးက  (၃၀၀)မီတာပါ။ သို့သော်ကျွမ်း
ကျင်သူတစ်ဦးပစ်ခတ်ရင်တော့ (၆၀၀)မီတာက ပစ်မှတ်ကို ထိနိုင်ပါတယ်။
             AK47 ဟာ ကမ္ဘာပေါ်မှာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာရောင်းချခဲ့ဆုံးသော ရိုင်ဖယ်လက်
နက်ဖြစ်ပါ တယ် ။ လက်ရှိ  အိန္ဒယတပ်မတော်ဟာ AK47 ရဲ့  စံနစ်တစ်ခုလုံးနီးပါးကို အခြေခံပြီး
INSAS ဆိုတဲ့ ရိုင်ဖယ်ကို ထုတ်လုပ်ခဲ့တယ်။


                                                        INSAS

No comments:

Post a Comment