Thursday, April 7, 2016

အိမ်မြှောင်လေးများ


         အိမ်မြှောင်လေးများ

♣   အမွေဆိုတာ
     ထိုက်သူသာခံစား
     လောကနိယာမတရား…တဲ့ ။

♣   တရား တရားတဲ့
     တ နဲ့ ရား တောင်
     ကွဲပြားအောင်မသိသူတွေ
     အမွေလိုချင်ကြရင် ။

♣   ထိုက်မထိုက်မသိချင်
     ရရင်ပြီးရောဟစ်
     အချစ်နဲ့စစ်မှာ
     မတရားတာမရှိ…ဆိုဘဲ ။

♣   အမွေဆိုင်အိမ်ကြီးမှာ
     မှီတင်းကာခိုနေကြရှာတယ်
     မျက်နှာငယ်အိမ်မြှောင်လေးတွေ
     အသံပေးနေလေရဲ့
     ကျွတ် ကျွတ် ကျွတ်…တဲ့ ။

♣    အင်း…
     အမွေလုသူတို့အတွက်
     ဂရုဏာသက်လို့
     ကျွတ်သံထွက်သလား ။
    
♣   အင်း…
     လောဘသားဒေါသသမားတွေကြား
     အနေကြပ်တည်းလို့များ
     ကျွတ် ကျွတ် သလား
     စဉ်းစားမထွက်ပြီ ။
                                   (နဂါးနိုင်)


No comments:

Post a Comment