ခဲ(ဂဲ)မှန်ဖူးသူ
♣ ကျွတ်ကျွတ်ကျက်ကျက်
အသံထွက်ပြီး
ဘေးဘက်ဝဲယာ
ထက်အောက်ပါမကျန်
မသင်္ကာဟန်နဲ့
အစာရှာရတဲ့ စာကလေး ။
♣ သနားလှချည့်ရဲ့ဆိုကာ
အစာပက်ကျွေးရာ
သူမလာတာကို
အားမလိုအားမရ
မဖြစ်ကြပါနဲ့။
♣ ဒီစာကလေးဟာ
ခဲ(ဂဲ)မှန်ဘူးတာ
ခွင့်လွှတ်လိုက်ပါ ။
(နဂါးနိုင်)
No comments:
Post a Comment