Thursday, April 7, 2016

လက်ပေးသင်သူများ


       လက်ပေးသင်သူများ

♣   ထန်းလျှက်ခဲကျွေး
     အသာလွေးလိုက်တာဘဲ ။

♣   ကြံသကာကျွေး
     အသာလွေးလိုက်တာဘဲ ။

♣   လက်ပေးပါ ဆိုတော့ကာ
    အံဟန်မျက်နှာပေးနဲ့
     လက်လေးမှမကြွလာ ။

♣   ကျွေးသူဖက်မှာ
     ဒေါသပါလာပြီ
     ဒုတ်ရှာသည်တွင် ။

♣   ဟေ့ ဟေ့ အမောင်လုလင်
     မင်းသင်နေတာ
     ခွေးအိုကြီးပါ
     စိတ်ထိမ်းစမ်းကွာ
     လက်လျော့ပါ ။
                              (နဂါးနိုင်)

No comments:

Post a Comment