Thursday, April 7, 2016

အမှိုက်ကောက်သူများ




       အမှိုက်ကောက်သူများ

♣   ကွင်းထဲမှာလည်းအမှိုက်
     ခြင်းထဲမှာလည်းအမှိုက် ။

♣   ခြင်းအမှိုက်မသွန်ရသေးခင်
     ကွင်းပြင်ထဲအမှိုက်ထပ်တိုး ။

♣   တိုးတိုးကောက်ကောက်
     တိုးတိုးရှုပ်ရှုပ်
     ဘယ်လိုလုပ်ရပါ့ ။

♣   အဖြေရှာရအောင်ဗျာ
     ကောက်နေတာခဏရပ်
     ကွင်းပတ်ပြီးအော်ပါ
     ဒီမှာ အမှိုက်ရှင်းပေးနေတယ်ဗျိုး…လို့ ။

♣   အော်သံအဆုံး
     လောက်စာလုံး ခဲ(ဂဲ)လုံး
     ကွင်းလုံးအနှံ့
     ကျကြဲပြန့်လာ
     အာ့ အာ အား..
     အမှိုက်အမျိုးအစားသစ်တိုး
     မှတ်တမ်းပျိုးကြပါဗျို့ ။
                                   (နဂါးနိုင်)

No comments:

Post a Comment