Thursday, April 21, 2016

ခေတ်သစ် တောင်ယာသူကြီး(သဂျီး)

  
    ခေတ်သစ် တောင်ယာသူကြီး(သဂျီး)

♣   ပေါက်ပြားတုံးတုံး
     ချွေးတလုံးလုံးနဲ့
     ကုန်းရုန်းခဲ့သည်တောင်ယာမှာ ။

♣   ဗူး ဖရုံ ငရုတ် သခွား
     မဖွံ့ထွားကြုံလှီ
     မြေဆီတွေလည်းခမ်းခြေပြီ ။

♣   ရောင်နီလာစဉ်
     အလုပ်ဝင်ခဲ့
     မွန်းတည့်မနား
     အလုပ်များသည်
     ညဆီလည်းရောက်
     တောဝက်ခြောက်ရသေး ။

♣   ယာထွက်သီးနှံရောင်း
     ဈေးကောင်းရယ်မရ
     သားလှရှင်ပြုရေး
     ပေါက်ပြားသွေးရင်း
     ရင်လေးဘိခြင်း ။

♣   သွေးလွန်းတဲ့ပေါက်ပြား
     လက်တ၀ါးစာဘဲကျန်
     ရိုးတံပြိုင်းကြဲဝလံတွေရှင်း
     နောက်တခင်းပျိုးဖို့ကြံ ။
    
♣   အင်း…
     ပေါက်ပြားအလက်ပေါင်း
     ဘယ်နှစ်သောင်းကုန်မှ
     သားလှရှင်ပြုနိုင်လိမ့်နော် ။
                                   (နဂါးနိုင်)

No comments:

Post a Comment