အဖျက်ကောင်
♣ ဝါးနှီးသံသုံး
တခြံလုံးကိုကာ
ပန်းမာလာတွေ
ခြံထဲမှာလုံခြုံစေ။
♣ ခြံပတ်လည်အပြင်ဖက်
အဖျက်ကောင်တွေလှည့်ပါတ်ချောင်း
စည်းရိုးကောင်းမို့
ဖြတ်လို့မ၀င်သာ။
♣ စည်းရိုးဖျက်နည်းလမ်းစုံ
စွမ်းကုန်ထုတ်သုံးလည်း
ခိုင်မြဲသည်မို့ကြောင့်
ခွင့်သင့်ချိန်ခါစောင့်နေကြတာ။
♣ တနေ့မှာ
ပန်းမာလာတခင်းလုံး
ကြေမွကာပျက်သုန်း
စိတ်နှလုံးမမြေ့ဖွယ်ရာ။
♣ အဖြေရှာ
သည်မှာတွေ့
အဖေ့ရဲ့ ခွေးမိုက်
နှီးတွေကိုကိုက်ဖြတ်
ခြံတပ်ပြိုလဲ။
♣ ဗျာတို့ရာ…
အဖျက်ကောင်ဟာ
ခြံထဲမှာဘဲရှိတာကိုး…။
(နဂါးနိုင်)
No comments:
Post a Comment