ကြောင်အိမ်ဘီရိုထဲမှာ သိမ်းထားတယ်။ သူတစ်ဦးထဲစားဖို့ သိမ်းထားတာ ဖြစ်တယ်။ ဒါကြောင့်
ကိုရင်လေးကိုမှာထားတယ်။
သေတယ် ၊ ကိုရင်တပါးတည်း ဒါတွေကိုစောင့်ရှောင့်ထားလိုက်ပါ"
တစ်နေ့မှာ ကိုရင်လေးက ဘုန်းတော်ကြီး အခြားနေရာ ခဏကြွသွားခိုက် ဘုန်းတော်
ကြီးအခန်းထဲဝင်ပြီး အဲဒီသစ်သီးတွေ အကုန်စားပစ်တယ်။ အဲဒီနောက် ကိုရင်လေးကဘုန်းကြီး
ရဲ့ မင်ကျောက်ခဲလက်ကိုင်ကို ဖျက်ဆီးပစ်တယ် ။ အဲဒီပစ္စည်းက ဘုန်းတော်ကြီးရဲ့ အမြတ်တနိုး
ပစ္စည်းဖြစ်တယ်။ ဒီနောက် ကိုရင်လေးက စောင်ခြုံပြီး ကုတင်ပေါ်မှာ လဲလျောင်းနေတယ်။
အချိန်အတန်ကြာတော့ ဘုန်းတော်ကြီး ပြန်ကြွလာတယ် ။ ကိုရင်လေးကို မြင်တဲ့အခါ
ဘုန်းတော်ကြီးက "ဘာဖြစ်နေသလဲ" ဘာဖြစ်နေသလဲ လို့မေးတယ်။ ဒီအခါ ကိုရင်လေးကပြန်
ပြောတယ်။
"တပည့်တော်စိတ်ထဲမှာ ထိုင်းမှိုင်းတွေဝေနေတဲ့အတွက် အရှင်ဘုရားရဲ့ မင်ကျောက်ခဲ
လက်ကိုင်ကိုချပြီး ရိုက်ချိုးခဲ့ပါတယ် ၊ အဲဒါ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကျူးလွန်မှုလို့ တပည့်တော်
နားလည်ပါတယ်ဘုရား၊ တခုတည်းသောလုပ်ရမယ့်အလုပ်က တပည့်တော်ကိုတပည့်တော်အ
ဆုံးစီရင်ဖို့ပါဘဲ၊ ဒါကြောင့် ကြောင်အိမ်ထဲက အဆိပ်သီးတွေကို အားလုံးစားလိုက်ပါတယ်၊ အခု
ဒီမှာ အသက်ထွက်ဖို့ စောင့်ဆိုင်းနေပါတယ် ဘုရား"
ကိုရင်လေးရဲ့ စကားကြောင့် ဘုန်းတော်ကြီး မရယ်ဘဲ မနေနိုင်တော့ဘူး ။ အဲဒီ ကိစ္စနဲ့
ပတ်သက်ပြီးလည်း နောက်ထပ် ဘာမှမပြောတော့ဘူး ။ (ကိုရီးယားပုံပြင်)
(တင့်ထွန်းဆွေ ၏ နိုင်ငံရပ်ခြားပုံပြင်များ စာ-၂၉၃)
No comments:
Post a Comment