Tuesday, December 29, 2015

သေးသေးလေးဘဲလား ကြီးကြီးလား



ကွန်ပျူတာအတွက် Softwares တွေ ရွေးချယ်ကြရာမှာ Pro သမားတွေအတွက်တော့ ကြီးကြီးတွေရွေးချယ်
ကြတာ သဘာဝကျပါတယ်။  ကောက်ကြောင်း တို့လို ငမျောက်ငခြောက်တွေအတွက်တော့ သေးသေးလေး
တွေနဲ့တင်အလုပ်ဖြစ်တာ များပါတယ်။ ခုနှစ်ဆွေး၊ ရှစ်ဆွေးစက်နဲ့ဆိုတော့လည်း CPU ကနိမ့်တော့ကြီးကြီး
တွေကိုမနိုင်တာလည်းပါသပေါ့ဗျာ။ ဒါကြောင့် ကောက်ကြောင်း တို့ကတော့ သေးသေးလေးဘဲဗျို့။

နောက်တစ်ချက်က သေးသေးလေးတွေက Free ရတာများလေတော့ ငမွဲသားကျွန်တော်မျိုး အရိုးကိုက်ရင်း

အတင်းလိုက်ဒေါင်းရတာပ။ မစမ်းဘူးတဲ့သေးသေးတွေ မရှိသလောက်ပါဗျာ။ စမ်းသပ်တာ ဘယ်လောက်ဝါ

သနာပါလိုက်သလဲဆိုရင် တနေ့ထဲနဲ့ တစ်လုံးတည်းသော Laptop အစုတ်ပေါ်မှာ Window (၁၀)ခါတင်ဘူး

တယ်။ယုံလား။ ထိုင်ကလိရင်း မိုးလင်းသွားတဲ့ ညတွေလည်း များလှပေါ့ ။ ဒီတော့ ကြီးကြီး သေးသေးတွေအ

ကြောင်း နဲနဲသိတယ်လို့ ကြွားပါရစေ။

ကွန်ပျူတာဆိုတဲ့ခေါင်းစဉ်အောက်မှာ တင်ထားသမျှတွေဟာ ကောက်ကြောင်း ကိုယ်တိုင် သုံးဖူး၊သုံးဆဲတွေ

ဖြစ်တဲ့အတွက် မိတ်ဆွေတို့သုံးသင့်တယ်လို့တိုက်တွန်းပါရစေ။ ဖြေးဖြေးချင်းနဲ့ စုံလင်စွာတင်သွားပေးပါမယ်

ကွန်ပျူတာတစ်လုံးမှာ ရှိထားသင့်တဲ့ Softwares တွေထဲက အပေါ့ပါးဆုံး၊သုံးလို့အကောင်းဆုံး၊အသုံးဝင်ဆုံး

သေးသေးလေးတွေကို မျှဝေသွားပါမယ်....လို့။



No comments:

Post a Comment