တစ်ခုရှိတယ်။ ကလေးမွေးပြီး ကလေးတစ်လသားအရွယ်ရောက်ရင် ရင်းနှီးတဲ့ မိတ်ဆွေတွေ
နဲ့ ဆွေမျိုးတွေကိုဖိတ်ကြားပြီး စားပွဲကျင်းပပေးရတဲ့ ဓလေ့တစ်ခုရှိတယ်။
တွေက သူ့ကို မသွားဖို့ပြောကြတယ်။ ဒီလိုပြောရတာကလည်း သူ့မှာ အကျင့်တစ်ခုရှိတယ်။အ
ခမ်းအနားတွေမှာ နမိတ်မရှိတဲ့စကားတွေကိုသူအမှုမဲ့အမှတ်မဲ့ပြောတတ်လွန်းတယ်။ ဒါကြောင့်
သူ့ကိုမသွားဖို့ ပြောကြတာဖြစ်တယ်။ မင်္ဂလာယူကျင်းပနေတဲ့ အခမ်းအနားတွေဟာ အဲဒီ အ မ
င်္ဂလာစကားတွေကြောင့် စိတ်ကသိကအောင့် ဖြစ်ကြရတယ်။
"အခမ်းအနား စကားတခွန်းမှ ကျွန်တော်မပြောဘူးဆိုရင် ကျွန်တော် သွားနိုင်တယ်လို့
ခင်ဗျားထင်လား"
သူ့အိမ်နီးနားချင်းတွေဟာ သူ့ရည်ရွယ်ချက် ကောင်းနေတာ သိတဲ့အတွက် သူတို့တွေ
သဘောတူလိုက်ကြတယ်။ သူ့ကတိစကားကို မမေ့ဖို့လည်းပြောလိုက်ကြတယ်။
အခမ်းအနားတစ်လျှောက်လုံး စကားတစ်လုံးမှမပြောဘူး။ သူ့ကတိအတိုင်းနေတယ်။
အရက်ခွက်မြှောက်ပြီး သောက်ကြချိန်ကနေ နောက်ဆုံး ဆန်ပြုတ်ချိုချိုလေး သောက်တဲ့အချိန်
ထိ တစ်ခွန်းမှ မဟဘူး။
စားသောက်ပွဲပြီးပြီ ၊ ဧည့်သည်တွေလည်း ပြန်ကုန်ပြီ။ အာဂျင်း လည်း တံခါးဝမှာရပ်ပြီး
နှုတ်ဆက်စကားဆိုတယ်။
"အခမ်းအနားတစ်လျှောက်လုံး ကျွန်တော် စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါကြောင့်မို့
ခင်ဗျားသား တစ်ခုခုဖြစ်လို့ သေမလိုဖြစ်ရင် ကျွန်တော့်အပေါ် အပြစ်ပုံမချရဘူး" …..တဲ့။
(တရုတ်ပုံပြင်)
(တင့်ထွန်းဆွေ ၏ နိုင်ငံရပ်ခြားပုံပြင်များ စာ-၂၇၁)
No comments:
Post a Comment