ဆီအိုးထဲမီးတောက်ရင်မကြောက်ပါနဲ့ခင်
မီးထတောက်တဲ့ ဆီအိုးထဲကို ဆန်မှုန့်(သို့) ဂျူံမှုန့်လက်တစ်ဆုပ်ပစ်ထည့်လိုက်။
မီးဖိုဆောင်မှာ အနည်းဆုံး ဆန်မှုန့်ကလေး တစ်ထုပ်လောက်ဆောင်ထားပေါ့ဗျာ။
အဝတ်အစားဆီစွန်း သနပ်ခါးနဲ့တွန်း
အိမ်ကကိုကိုရဲ့ အဝတ်အစားမှာ ဆီတွေစွန်းလို့ ဘယ်လိုချွတ်ရပါ့။ လွယ်ပါတယ်
မေရယ်သနပ်ခါးကို ပျစ်နေအောင်သွေး။ ဆီစွန်းရာမှာ အုံပေးပြီး အခြောက်ခံကာ
ထား။ ပြီးမှ ဆပ်ပြာမှုန့်လေးနဲ့ ပွတ်လျှော်လိုက်ပေါ့ကွယ်။
မီးဖိုချောင်ကအနံ့ဆိုး မေမှာခေါင်းတွေထိုး
မခက်ပါဘူးမေရယ်။ အိုးအလွတ်တစ်လုံးထဲကို ရှာလကာရည်နဲနဲထည့်။ အငွေ့
ပျံရုံလေးမီးအပူပေးလိုက်ရင်အောက်သိုးသိုးအနံ့တွေ ပျောက်လျှိးလျှိးပေါ့။
ငါးညှီနံ့တွေလက်မှာစွဲ အန်မိတော့မှာဘဲ
မေရေ စိတ်ညစ်သလား။ ဆားဗူးထဲလက်နှိုက်။နာနာပွတ်ပစ်လိုက်။ ဆပ်ပြာလဲ
တိုက်ရေဆေးလိုက်။ ပြန်ရှူကြည့်လိုက်။ ညှီမလိုက်။
သနပ်ပုလင်းတွေမှိုတက်နေ လုပ်စမ်းပါအုံးမေ
မောင်ရေ ။ စိုက်ပျိုးရေးမျိုးစေ့ဆိုင်က မုန်ညှင်းစေ့နဲနဲဝယ်ပေးစမ်းပါ။ မောင်ကြိုက်
တဲ့သရက်သီးသနပ်ပုလင်း မှိုမတက်အောင်မုန်ညှင်းစေ့လေးတွေကိုပလပ်စတစ်
အိတ်ကလေးနဲ့ထုပ်ပြီး သနပ်ပုလင်းထဲထည့်ပိတ်ရအောင်ကွယ်။
မှန်တွေမှုန်ရင်မောင်မကြိုက်ချင်
မေရေ။ ဒီမှန်တွေ အရောင်ပြန်တောက်အောင်မောင်လုပ်ပြမယ်။ နောင်လုပ်လို့
တတ်အောင်ကြည့်ထားနော်။ ဒါ မောင့်ရဲ့စွတ်ကျယ်စုတ်၊ ဒီပုလင်းကအရက်ပျံ
နဲ့နဲနဲစိုစိုလေးဆွတ်လိုက်ပြီး မှန်မျက်နှာပြင်ပေါ်ဒီလိုလေးနာနာလိုက်ပွတ်လိုက်။
ဟယ်...ဟုတ်တယ်နော်မှန်တွေကိုဝင်းသွားတယ်မောင်။(နောက်တော့လဲအမြဲ
မောင်ဘဲ မှန်ပွတ်ရတာပါ မေ)
ဟင်းအိုးဝေညှော်မောင်ကအော်
မေတစ်ယောက်ဟော့ပလိပ်နဲ့ဟင်းချက်ရင်း ဖုန်းပွတ်တတ်တော့ ဖုန်းဈာန်ဝင်
ပြီး ဟင်းအိုးက ဟင်းမြှုပ်တွေ ဟော့ပလိတ်ပေါ်ဝေကျ ညှော်နံ့တွေ တထောင်း
ထောင်း ထတော့တာပါဘဲ။ မောင်အိမ်မှာရှိခိုက်နဲ့ကြုံရင်လှမ်းအော်တတ်ရဲ့
" ဟေ့ ဖုန်းပြိတ္တာမလေး၊ ဟော့ပလိတ်ပေါ် နနွင်းမှုန့်နဲနဲဖြူးလိုက်" တဲ့။
No comments:
Post a Comment