ဘာသန္တိသုခ ၊ ဇြပ်ဗု
ကောက်ကြောင်းရဲ့အမျိုး(မွန်)တို့ ဝိပဿနာတရားတွေနာယူဖို့ အားသန်လာကြတာတွေ့
ရတော့ အတိုင်းမသိဝမ်းသာမိပါတယ်။အရင်ကဆို အလှူပေးတရားတွေလောက်နဲ့ကျေနပ်
ခဲ့တဲ့လူတွေတောင် ဝိပဿနာတရားတွေကိုကြိုးစားနာယူလာတာတွေ့နေရပါပြီ။သာဓုအ
ကြိမ်ကြိမ်ခေါ်မိပါတယ်။ဆရာကောင်းလို့တပည့်ပန်းကောင်းပန်ဆိုသလို ဝိပဿနာအလုပ်
ပေးတရားဟောတဲ့ မွန်ဆရာတော်တွေအတော်များများပေါ်ထွန်းလာခဲ့ပါပြီ။ အခုတင်ပေး
တဲ့ ဝိပဿနာ မွန်ဘာသာ တရားတော်များကို သံဖြူဇရပ်မြို့ ၊ အောင်ဇေယျရပ်ကွက်၊
သန္တိသုခကျောင်းတွင်သီတင်းသုံးတော်မူသော ဘဒ္ဒန္တသုနန္ဒ ဟောကြားတော်မူပါတယ်။
ကောက်ကြောင်းရဲ့အမျိုး မွန်လူငယ်တူလေး၊တူမလေးတို့ရေ...တို့မွန်လူကြီးသူမတွေဟာ
အင်တာနက်သုံးကျွမ်းသူနဲပါတယ်။ ဒါ့ကြောင့် တူလေး၊တူမလေးတို့ဘဲ ဒီတရားတွေကိုအ
ဆင်သင့်ဒေါင်းယူပြီး သူတို့ကိုလှူဒါန်းပေးလိုက်နော်။ အလှူတကာ့အလှူတို့တွင်တရားအ
လှူသည် အမြတ်ဆုံးမို့ပါ။
ဖုန်းဘေသက်သာစေဖို့ file sizeတွေချူံ့ပေးထားတာမို့ တရားတစ်ပုဒ်ရဲ့ပမာဏဟာ အ
လွန်ငယ်ပါတယ်။ သာမန်mp3သီချင်းတစ်ပုဒ်စာရဲ့အရွယ်ပိုပိုလေးလောက်ဘဲရှိပါတယ်။
Adobe audition cs6နဲ့ ပြင်ဆင်တည်းဖြတ်ထားတာမို့ အရည်အသွေးကောင်းလှ
တာ တွေ့ရပါမယ်။
တရားခေါင်းစဉ်အပေါ်တစ်ချက်တို့လိုက်ရုံ📱ကလစ်လိုက်ရုံ 💻 နဲ့ ပုံမှာပြထားတဲ့အတိုင်း
playerတစ်ခုကျလာမှာမို့ တိုက်ရိုက်တရားနာနိုင်ပြီး မြားသင်္ကေတလေးကို တို့လိုက်ရင်
တိုက်ရိုက်ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment