ပြဿနာကကြီးကြီးမားမားမဟုတ်ပါဘူး။ အသေးအမွှားလေးပါဘဲ။
Window 7 sp1 မှာ Photoshop CS3 တင်ပြီးပြီးချင်းဖွင့်မရတဲ့ပြဿနာပါ။သေးသေးမွှားမွှားမကျော်လွှားနိုင် ရင်လဲ ကြီးကြီးမားမားတွေရလာဖို့မရှိ။အသစ်ဘယ်လောက်ကောင်းအဟောင်းတလည်လည်
ဆိုတဲ့အတိုင်း CS6 တွေတင်သုံးကြည့် ပြန်ဖြုတ်ချ CS3 ပြန်တင်ပါဘဲ (ဘိုးတော်ဘုရားလက်
ထဲ တိုက်ခိုက်ပြီးသိမ်းပိုက်ယူထားခဲ့တဲ့စက်မို့ Soft အမြင့်တွေကိုမနိုင်တာမပြောကြေး။လာ မယ့် လလယ်ပိုင်းလောက်မှာ ကောက်ကြောင်းရဲ့ acer ASPIRE 4315 ရဲ့ (၁၀) နှစ်မြောက် မွေးနေ့ကိတ်လှီးမှာမို့
မိတ်ဆွေတို့ တက်ရောက်သုံးဆောင်ဖို့ ခင်မင်ခြင်း အာသီသများစွာဖြင့် ဖိတ်ကြားအပ်ပါတယ်)။
Wednesday, August 3, 2016
Monday, August 1, 2016
Video Editing သမားများအတွက် Myanmar Fonts
Wander Share Video Editor ဟာ ဇော်ဂျီကိုမကြိုက်ချင်ဘူး။ တခါတရံမှာ ရစ်တယ်။ ရန်ရှာတယ်။
ဒါကြောင့် သူနဲ့သာမက ဘယ် Video Editing မှလဲမငြင်းပယ်။ မြန်မာမှု Logo အများကြီးပါတဲ့ Font
အုပ်စုတစ်ခုကိုတင်ပေးလိုက်ပါတယ်။ စာလုံးပုံစံတွေနဲ့ လက်ကွက်ပါတဲ့ Pdf ဖိုင်တစ်ခုပါတော့ ပိုပြီးအ
ဆင်ပြေပါတယ်။(ဗီဒီယိုချစ်သူ မိတ်ဆွေသစ်တစ်ယောက်အတွက်ရည်ရွယ်ပါတယ်)
ဒါကြောင့် သူနဲ့သာမက ဘယ် Video Editing မှလဲမငြင်းပယ်။ မြန်မာမှု Logo အများကြီးပါတဲ့ Font
အုပ်စုတစ်ခုကိုတင်ပေးလိုက်ပါတယ်။ စာလုံးပုံစံတွေနဲ့ လက်ကွက်ပါတဲ့ Pdf ဖိုင်တစ်ခုပါတော့ ပိုပြီးအ
ဆင်ပြေပါတယ်။(ဗီဒီယိုချစ်သူ မိတ်ဆွေသစ်တစ်ယောက်အတွက်ရည်ရွယ်ပါတယ်)
ကက်ဆက်ခွေကအသံတွေကို MP3 အဖြစ်ထုတ်မယ်
ကက်ဆက်ခွေဆိုမှတော့
ကက်ဆက်တစ်လုံးလိုအပ်မှာပေါ့။ ကောက်ကြောင်း ဆီမှာ ဖွင့်လို့ရတဲ့ ကက်ဆက်မရှိတော့သလို
ရှိနေတဲ့ကက်ဆက်ခွေတွေကလည်း မှိုနှုတ်ရောင်းရမ
လောက်ကိုဖြစ်နေတော့ ကက်ဆက်တစ်လုံးရဲ့နေရာမှာ ဖုန်တစ်လုံးနဲ့သရုပ်ပြထားပါတယ်လို့ ဦးစွာပထမ ၀န်ခံပါရစေ။ Software အနေနဲ့ Adobe
Audition CS5.5 ကိုသုံးပါမယ်။ Adobe မှန်သမျှ Pro ဆန်တဲ့အတွက် ဖိုင်ဆိုဒ်နဲနဲကြီးပါတယ်။
127 MB ရှိပါတယ်။ သုံးရလည်းနဲနဲပါး ပါးခက်သယောင်ရှိပါတယ်။ သို့သော်လည်း ကောင်းကောင်းလိုချင်များများပေး
ရမယ်လေ။
ကက်ဆက်တွေဟာ
VCDစက်တွေTV စင်ပေါ်ရောက်ကတည်းက စင်အောက်မှာစံရ ရှာတဲ့ အသံထုတ်စက်ပါ။ နောက်ပိုင်း
MP3 Player လူငယ်တွေအိပ်ကပ်ထဲရောက်လာတော့ စင်အောက်ကနေ ကုလားလက်တွန်းထဲပါသွားခဲ့ကြပါပြီ။အချို့ပုဂ္ဂိုလ်တွေကျတော့
CD MP3 စတဲ့စီမရောက်သေး ဘယ်သူမှလည်း မပြောင်းပေးတဲ့ သီချင်းတွေ၊တရားခွေတွေကို ဖွင့်ဖို့အ
တွက် ကက်ဆက်လေးအမြတ်တနိုးသိမ်းထားတတ်ပါတယ်။ တစ်ချို့သော ဆရာတော်တွေ ဟာ MP3 မတိုင်ခင် ကက်ဆက်ခေတ်ကအသံသွင်းခဲ့တဲ့တရားခွေတွေကို
MP3 ပြောင်းလိုတဲ့ ဆန္ဒရှိနေတာကို ရိပ်မိသိရှိတဲ့အတွက် ဒီနည်းလမ်းကို ဒါနပြုရကြောင်းပါဘုရား။
Subscribe to:
Posts (Atom)