ကက်ဆက်ခွေဆိုမှတော့
ကက်ဆက်တစ်လုံးလိုအပ်မှာပေါ့။ ကောက်ကြောင်း ဆီမှာ ဖွင့်လို့ရတဲ့ ကက်ဆက်မရှိတော့သလို
ရှိနေတဲ့ကက်ဆက်ခွေတွေကလည်း မှိုနှုတ်ရောင်းရမ
လောက်ကိုဖြစ်နေတော့ ကက်ဆက်တစ်လုံးရဲ့နေရာမှာ ဖုန်တစ်လုံးနဲ့သရုပ်ပြထားပါတယ်လို့ ဦးစွာပထမ ၀န်ခံပါရစေ။ Software အနေနဲ့ Adobe
Audition CS5.5 ကိုသုံးပါမယ်။ Adobe မှန်သမျှ Pro ဆန်တဲ့အတွက် ဖိုင်ဆိုဒ်နဲနဲကြီးပါတယ်။
127 MB ရှိပါတယ်။ သုံးရလည်းနဲနဲပါး ပါးခက်သယောင်ရှိပါတယ်။ သို့သော်လည်း ကောင်းကောင်းလိုချင်များများပေး
ရမယ်လေ။
ကက်ဆက်တွေဟာ
VCDစက်တွေTV စင်ပေါ်ရောက်ကတည်းက စင်အောက်မှာစံရ ရှာတဲ့ အသံထုတ်စက်ပါ။ နောက်ပိုင်း
MP3 Player လူငယ်တွေအိပ်ကပ်ထဲရောက်လာတော့ စင်အောက်ကနေ ကုလားလက်တွန်းထဲပါသွားခဲ့ကြပါပြီ။အချို့ပုဂ္ဂိုလ်တွေကျတော့
CD MP3 စတဲ့စီမရောက်သေး ဘယ်သူမှလည်း မပြောင်းပေးတဲ့ သီချင်းတွေ၊တရားခွေတွေကို ဖွင့်ဖို့အ
တွက် ကက်ဆက်လေးအမြတ်တနိုးသိမ်းထားတတ်ပါတယ်။ တစ်ချို့သော ဆရာတော်တွေ ဟာ MP3 မတိုင်ခင် ကက်ဆက်ခေတ်ကအသံသွင်းခဲ့တဲ့တရားခွေတွေကို
MP3 ပြောင်းလိုတဲ့ ဆန္ဒရှိနေတာကို ရိပ်မိသိရှိတဲ့အတွက် ဒီနည်းလမ်းကို ဒါနပြုရကြောင်းပါဘုရား။
Adobe
Audition CS5.5 ကိုမသုံးခင် မိမိကွန်ပျုတာမှာအရင်ချိန်စရာတွေရှိပါတယ်။ ပထမဦးဆုံး ကက်ဆက်ရဲ့ Eair Phone ဂျက်ပေါက်နဲ့ ကွန်ပျူတာရဲ့ MIC ဂျက်ပေါက် တို့ကို ဆက်သွယ်မယ့် နှစ်ဖက်ဂျက်ချွန် (စတီရီယို) ကြိုးကောင်းကောင်းတစ်ချောင်း ရှိရပါတယ်။ ဆက်သွယ်ပြီးရင်တော့ ပုံတွေအတိုင်းကြည့်လုပ်ရင်
MP3 ဖိုင်ရမှာပါ။ ကွန်ပျူတာချိန်ရာမှာ ပုံ ပြပါအတိုင်းဖြစ်ချင်မှဖြစ်ပါမယ်။မိမိအသုံးပြုမယ့်စက်ကပြတဲ့အတိုင်းPlay
ထားတဲ့ကက်ဆက် က အသံတွေ ကွန်ပျူတာက စပီကာတွေဆီမှာ
ပီပီပြင်လာထွက်ဖို့ မဖြစ်မနေ ချိန်ရမှာဖြစ်ပါ တယ်။ အောက်ကပုံတွေကြည့်ပြီးလုပ်လိုက်ကြရအောင်။(W7
ထဲမှာ Rec အဆင်သင့်ပါလို့ လုပ်လို့တော့ရပါတယ်။မငြင်းပါဘူး။
ကက်ဆက်က Hum တွေကျတော့ ဘယ်နားကဖျောက် ကြမလဲ။ ဒါ့ကြောင့်ဒီဆော့ဝဲသုံးတာပါ။ ကိုယ်တိုင်မလုပ်ဖူးဘဲနဲ့
ဘာမှရေးမတင်ပါဘူး။ မသေချာရင်လိုက်သုံးသူနစ်နာပါတယ်။ မလုပ်တတ်ရင်တော့ ကောက်ကြောင်းထိုင်ကြည့်နေ
တတ်တယ်။ တတ်အောင်လေ့လာတယ်။ ပြီးရင် စေတနာအပြည့်နဲ့လိုက်ကူညီတယ်။ သေရင် ကွန်ပျူတာမပြောနဲ့
သွားတစ်ချောင်းတောင်ပါမသွား။ ဒါကြောင့် ညောင်စေ့ကလေး လိုက်လှူနေတာ)
အထက်ကပုံတွေဟာ မိမိကွန်ပျူတာရဲ့ Sound Setting ထဲမှာ ၀င်လုပ်ရမှာပါ။ ပြီးရင် Cs 5
ကို ဖွင့်လိုက်ပါမယ်။
ဒီဆော့ဝဲဟာ ကက်ဆက်ခွေပြောင်းရုံကလေးမဟုတ်ဘဲ စတူဒီယိုတွေထဲမှာအထိသုံးနိုင်
တဲ့ Pro အဆင့်ရှိတယ်ဆိုတာ ကိုယ့်ဟာကိုလိုက်ကလိကြည့်။ သိလာလိမ့်မယ်။အေက်မှာ
ဒေါင်းယူပါ။ Link အဆင်မပြေရင်ပြောပါ။ ပြန်လုပ်ပေးပါမယ်။ ဆိုဒ်နဲနဲများတယ်။
Software ကို ဒီမှာယူ ..................................Down Load
Key ကို ဒီမှာယူ ..................................Down Load
No comments:
Post a Comment