Thursday, July 28, 2016

My computer ကပျောက်သွားတဲ့ “ပန်းနွယ်”ကလေးကိုရှာပုံတော်ဖွင့်မယ်

          စက်ဖွင့်လိုက်လို့ Drive လေးတွေပျောက်နေတာ ကြုံရင် သင်လည်းစိတ်ဆင်းရဲမှာပါ
ဘာလို့ပျောက်သွားလဲမေးရင် ကောက်ကြောင်းဖြေတတ်ဘူးဗျ။ ပြန်ဖော်တာကိုတော့ နဲနဲနဲ့ ကျည်းကျည်းကလေးသိတယ်။ ပျောက်ပုံတွေအများကြီးတော့မရှိပါဘူး။ဘယ်မှာမှ မပေါ်တာ နဲ့ My Computer မှာမပေါ်ပေမယ့် Computer Management မှာသွားပြနေပြီးဖွင့်မရတော့  တာတွေပါ။
          HDD တွေကို in,Ext ဘယ်မှာသုံးသုံး (၂)ပိုင်းနဲ့အထက်ပိုင်းသုံးတာပိုကောင်းပါလိမ့် မယ်။နောက်ပြီး ကိုယ့်စက်ရဲ့ RAM ကိုကြည့်ပြီး သိုလှောင်ပစ္စည်းသုံးတာအကောင်းဆုံးပါ။ “နဲတာကို စက်ပိုင်ရှင်မကြိုက်သလို များသွားတာကိုလည်းစက်ကမကြိုက်တတ်ဘူး”လေ။ ဒီ တော့ များများသိုချင်ရင် မြင့်မြင့်စက်ကလေးလည်း လိုသပေါ့နော်။ ထားပါလေ။
          အပေါ်မှာရေးပြထားတဲ့ ပျောက်ပုံပျောက်နည်းထဲက My Computer  မှာ မပေါ်ဘဲနဲ့ဟို Computer Management မှာသွားပြနေပြီးဖွင့်မရတော့  အတွက်ဆိုရင် အများစုကတော့ Computer Management မှာ Format တုတ်ပစ်လိုက်ကြတာများတယ် ။ ကောက်ကြောင်းသာဆိုရင် အဲဒီလိုလုပ်ပစ်ရမှာ အင်မတန်ကြောက်။ ဘာဖြစ်လဲဆိုတော့ အဲ ဒီ 500 G တွေ 1000 TB တွေကိုမပြောနဲ့ 2G Stick ကလေးတစ်ချောင်းကို Recovery တာ ဆွေမျိုးစာရင်းတွေတောင်ပြန်လုပ်ယူရအောင်ကြာလို့ပါ။ မြန်လှပါတယ်ဆိုတဲ့ software တွေ လည်းကြောက်သွားခဲ့ရတာပါဘဲ။ ဒီတော့ ဒါကို အောက်ကပုံတွေမှာပြထားသလို ပထမ အလွယ်ရှင်းပြီး မရရင် ဒုတိယ Soft လေးနဲ့ “စိမ်းကားတဲ့ပန်းနွယ်ကိုရှာပုံတော်ဖွင့်”ကြစို့။







ဒီလို Letter ပြောင်းပြီးလို့ ပန်းနွယ်လေးကိုပြန်တွေ့ပြီဆိုရင် Computer Managementထဲ  ကိုပြန်သွားပြီး မုလ အက္ခရာလေးပြန်ပြောင်းလိုက်ရုံပါဘဲ။ ကဲ ဒါနဲ့အဆင်မဆင်မပြေဘူးပန်း  နွယ်ကစိမ်းတုန်းဆိုရင်တော့ ဗျူဟာပြောင်းရမယ်။ Drive Missing ဆိုတဲ့ ဆက်သွယ်ရေးဂြိုလ်တုအကူအညီနဲ့ အပုန်းကောင်းတဲ့ ပန်းနွယ်ကိုရှာပေတော့။ သုံးပုံနဲ့ Soft Down ဖို့ အောက်မှာ ဆက်ကြည့်ပါ ။ အဆင်မပြေသေးရင်တော့ HDD ခုခုဖြစ်နေပြီဆိုတော့  ကာ HDD ကုမယ် ဆော့ဝဲ ရှာပေတော့။  ဒါမှမတွေ့သေးရင် ၀က်အူလှည့်တစ်ချောင်းရှာ။ ဒါလဲ အဆင်မပြေသေးဘူးဆိုရင် စည်ပင်အမှိုက်ကားစောင့်ပေတော့။  ပန်းနွယ်နဲ့ တစ်သက်ဝေးပြီမှတ်။ 




ဒီ Software ကိုဒေါင်းပြီး Click နှိပ်သုံးရုံပါဘဲ။ ဆိုဒ်သေးသေးလေးပါ။

                                              Down Load

No comments:

Post a Comment