Thursday, July 28, 2016

DVD ခွေထဲကဇတ်ကား ဖုန်းထဲကူးသွင်းကြည့်ရအောင်

          နိုင်ငံခြားဇတ်ကားတွေကြိုက်တဲ့ကောက်ကြောင်းတစ်ယောက် ဟိုတုန်းကအဖြူအမဲ TV လေးကို ဘက်ထရီအိုးကလေးနဲ့ဖွင့် 110V အောက်စက်ကလေးကို DC ဖောက် မှိုပေါက်  နေတဲ့ ဗီဒီယိုကြီုးခွေတွေနဲ့ဖွင့်ပြီး ဘက်ထရီဒေါင်းသွားလို့ 14” ဖန်သားပြင်ထဲ 6” ပတ်လည်  လောက်ဘဲကျန်တော့တဲ့ မြင်ကွင်းမှုန်မှုန်ထဲ ဇွဲကြီးကြီးနဲ့ ဇတ်ကားပြီးအောင် ကြည့်ခဲ့ရတာကို မှတ်မိနေသေးတော့တယ်။ နောက်တော့ ၀က်သားဟင်းလျော့စားပြီး စုဆောင်းရင်း 21” Flat လေးဝယ် ၊ကြက်သားဟင်းလျော့ချက်ရင်း VCD DVD တွေဝယ်ကြည့်လာနိုင်တယ်။ နောက် ငါးဟင်းလေးကိုပါစွန့်ရင်း Laptop လေးဝယ်
(၃)ခွေ(၁၀၀၀)နဲ့ စာတန်းထိုးကားလေးတွေကို မှန်မှန်ကြည့်ပြန်တယ်။ ရေစီးကြောင်းက Hand Phone ဖက်ရောက်လာပြန်တော့ မောင်ကြီး ကောက်ကြောင်းတစ်ယောက် ကန်စွန်းရွက်ကြော်ကိုပါ လက်ပြနှုတ်ဆက်ရင်း ဖုန်းစုတ်စုတ် ကလေးတစ်လုံးကို ငါးပိရည်ကျိုစားရင်းပိုင်ဆိုင်လာတော့တယ်။
          သူများတွေဖုန်းနဲ့ရုပ်ရှင်ကြည့်တာတွေ့တော့ကောက်ကြောင်းလဲအားကျမခံ စာတန်း ထိုးရုပ်ရှင်တွေတင်တဲ့ Web တွေထဲသွား၊ ကြိုက်ကားတွေ့လို့ ဒေါင်းလိုက်တာ 450 MB တစ် ကားတင် တစ်လစာ ငါးပိရည်ကျိုဖိုးလေး ပြောင်ပါလေရော ။  မကြည့်ရလို့ကလဲ မနေနိုင်ဆို တော့ နည်းလမ်းရှာတယ်။ ချောင်ထိုးထားတဲ့ laptop ကိုပြန်ဆွဲထုတ် ၊ DVD ခွေတွေ ဖုန်ရှင်း ဖုန်းထဲသွင်းနိုင်အောင် Rip မယ့် soft တွေရှာ၊ ထင်ပါတယ် အဲဒီတုန်းက အမေရိကန် အို ဘားမား တောင် ကောက်ကြောင်းလောက်ဗျာများမယ်မထင်။ များလိုက်တဲ့ Software တွေ  ဗျာ။ ဟိုဟာကောင်းနိုး ဒီဟာကောင်းထင်နဲ့ ဖျင်ရင်းဖျင်ရင်း ရှာဖွေလေတွေ့ရှိလေပေါ့။ အခုအဆင်ပြေတာတွေ(၄-၅)မျိုးတွေ့လာတော့ ဘ၀တူ ရုပ်ရှင်ချစ်သူတွေကို ဝေမျှချင်စိတ်  ပေါ်လာတော့….စလိုက်ကြရအောင်။
          ၂၀၁၆ ရဲ့ အမြန်ဆုံး DVD Ripper လို့ ဆိုထားတဲ့ WinX DVD Ripper Platinum ကို လေ့လာကြည့်ကြစို့။

ဒီခွေလေး လုပ်ကြည့်မယ်။











ဒါကအမြန်ဆုံး Rip ပါ။ သူ့ထက်နှေးပြီး ရုပ်ထွက်ပိုကောင်းတာ တစ်မျိုးကို အဆင်ပြေတဲ့နေ့ ထပ်တင်ပါမယ်။ မကြာမီလာမည် မျှော် ပေါ့ဗျာ။ အခုလောလောဆယ်
တော့ ဒီ WinX DVD Ripper Platinum 7.3.4 ကိုဘဲ ဒေါင်းလိုက်ကြပါဗျာ။

                                               Down Load

No comments:

Post a Comment