Sunday, July 31, 2016

Laptop တစ်လုံးနဲ့ ခွေ(၃)ခွေကိုတစ်ပြိုင်ထဲ Nero 8 နဲ့ Burn ကြမယ်

Nero 8 ဟာ ဂျာမဏီဆော့ဝဲပါ။ Writer (၃)လုံးနဲ့တစ်ပြိုင်ထဲCopy,Burn နိုင်တယ်လို့အာမခံထားတဲ့အတိုင်း
ကျွန်တော်တို့လက်တွေ့လုပ်ခဲ့ကြဖူးပါပြီ။ လုပ်နည်းလေးသိဖို့သာလိုတာပါ။ Nero 8 အသုံးပြုပုံစာအုပ်တွေ
ရှိ ပါတယ်။ခုက (၂)ခွေ(၃)ခွေ Burn နည်းလေးဘဲရေးမှာပါ။ ပြောစရာတစ်ခုက အသုံးပြုတဲ့ Writerအမျိုးအစား
မတူချင်နေ အရည်အသွေးချင်းနီးစပ်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာ Laptop ထဲက Writer ကဟောင်းလွန်း
နေပြီး USB နဲ့တွဲထားတာတွေကအသစ်စက်စက်ကြီးဖြစ်နေတယ်ဆိုရင်ကိုးရိုးကးယားတွေဖြစ်ပြီး အချိန်ကြာ
မူနဲ့ ကြုံနိုင်ပါတယ်။ ပြပေးထားတဲပုံတွေကို ကြည့်ပြီး တစ်ခွေတည်းလုပ်ကြည့်ချင်တဲ့ ကွန်ပျူတာစကိုင်သူတွေ
ပါ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။  အခက်အခဲရှိရင်လည်း  လာရောက်မေးမြန်းနိုင်ပါတယ်။ တတ်သမျှ
မှတ်သမျှအားလုံး ပေးဖို့အသင့်ပါ။ သို့သော် ကောက်ကြောင်း သည်ဆရာတစ်ဦးမဟုတ်ပါ။

Friday, July 29, 2016

DVD တရားခွေ၊သီချင်းခွေတွေကို Audio File ပြောင်းကြမယ်



                      တလောက Fb မှာ DVD သီချင်းခွေကနေ Audio CD ပြောင်းဖို့  အခက်အခဲရှိနေတာကို ဖတ်လိုက်ရပါတယ်။ ခုတင်ပြမှာကတော့ DVD ကနေ MP3 နဲ့ အခြားသောအသံဖိုင် စနစ်တွေကို ပြောင်းဖို့ Xilisoft DVD Audio Ripper နဲ့ သူ့ရဲ့အသုံးပြုပုံလေးပါ။ Audio fomat အကြောင်းတွေပြောရရင် ကျမ်းတစ်စောင်ဖြစ်လောက် တာမို့ ဗာရာဏသီ ပြည်မတည်တော့ပါဘူး။(အမှန်က ဘာမှမသိလို့လျောချတာ)
          ဒီတော့ကာ အသံထွက်ပစ္စည်းတိုင်းလက်ခံတဲ့ MP3 အဖြစ်ဘဲလွယ်လွယ်ကူကူလေး ပြောင်းကြရအောင်။ နောင်မှ MP3 File ကနေ Audio CD Bun ပုံကို တင်ပေးပါမယ်။ ခုတော့ DVD ကို MP3 ဖြစ်အောင် Ripper လေးနဲ့ Rip လိုက်ကြစို့။
(Xilisoft DVD Audio Ripper) နဲ့လုပ်ထားတဲ့ တရားခွေ MP3 တွေကို ဒီမှာ ကြည့်နိုင်ပါတယ်)...ကြော်ငြာဝင်တာ။

VCD ခွေကဇတ်ကားတွေ သီချင်းတွေကို H264 ပြောင်းပြီးဖုန်းထဲ ထည့်ကြည့်ကြမယ်



          ဒီတစ်ခါတော့ ဟိုအရင်ထဲကကြိုက်လို့ဆိုပြီးသိမ်းထားတဲ့ VCD ဇတ်ကားတွေ၊သီ  ချင်းခွေတွေကို  H264 ပြောင်းပြီး ဖုန်းထဲထည့်ကြည့်ကြမယ်ဆိုတော့ Converter တစ်မျိုး  လိုအပ်လာပါပြီ။ Software ဟိမ၀န္တာတောကြီးထဲမှာလည်း များလိုက်တဲ့ Converterအမျိုး အစားတွေ။ ၀ါဆိုပန်းခူးပွဲတုန်းက ဘီယာမူးနေတဲ့ တက်တူးမမတွေအတိုင်းဘဲ။ ပေါမှပေါ  ဗျို့။ ချောမှချောလို့တော့မပြောဘူးနော်။ Converter တွေလည်း ဒီလိုဘဲ။ ပေါမှပေါ။ ဒါပေ မယ့် အားလုံးမချောဘူးပေါ့ဗျာ။

Thursday, July 28, 2016

DVD ခွေထဲကဇတ်ကား ဖုန်းထဲကူးသွင်းကြည့်ရအောင်

          နိုင်ငံခြားဇတ်ကားတွေကြိုက်တဲ့ကောက်ကြောင်းတစ်ယောက် ဟိုတုန်းကအဖြူအမဲ TV လေးကို ဘက်ထရီအိုးကလေးနဲ့ဖွင့် 110V အောက်စက်ကလေးကို DC ဖောက် မှိုပေါက်  နေတဲ့ ဗီဒီယိုကြီုးခွေတွေနဲ့ဖွင့်ပြီး ဘက်ထရီဒေါင်းသွားလို့ 14” ဖန်သားပြင်ထဲ 6” ပတ်လည်  လောက်ဘဲကျန်တော့တဲ့ မြင်ကွင်းမှုန်မှုန်ထဲ ဇွဲကြီးကြီးနဲ့ ဇတ်ကားပြီးအောင် ကြည့်ခဲ့ရတာကို မှတ်မိနေသေးတော့တယ်။ နောက်တော့ ၀က်သားဟင်းလျော့စားပြီး စုဆောင်းရင်း 21” Flat လေးဝယ် ၊ကြက်သားဟင်းလျော့ချက်ရင်း VCD DVD တွေဝယ်ကြည့်လာနိုင်တယ်။ နောက် ငါးဟင်းလေးကိုပါစွန့်ရင်း Laptop လေးဝယ်

My computer ကပျောက်သွားတဲ့ “ပန်းနွယ်”ကလေးကိုရှာပုံတော်ဖွင့်မယ်

          စက်ဖွင့်လိုက်လို့ Drive လေးတွေပျောက်နေတာ ကြုံရင် သင်လည်းစိတ်ဆင်းရဲမှာပါ
ဘာလို့ပျောက်သွားလဲမေးရင် ကောက်ကြောင်းဖြေတတ်ဘူးဗျ။ ပြန်ဖော်တာကိုတော့ နဲနဲနဲ့ ကျည်းကျည်းကလေးသိတယ်။ ပျောက်ပုံတွေအများကြီးတော့မရှိပါဘူး။ဘယ်မှာမှ မပေါ်တာ နဲ့ My Computer မှာမပေါ်ပေမယ့် Computer Management မှာသွားပြနေပြီးဖွင့်မရတော့  တာတွေပါ။