Sunday, December 27, 2015

ပညာရှိတရားသူကြီများ(၃)



         တချိန်တုန်းက  ညဉ့်နက်သန်းခေါင်မှာ လူတစ်ယောက် သူ့အိမ်သူခိုး ခိုးတာအသံကြား
သွားတယ်။ အိပ်ယာမှ ကဗျာကယာထပြီး သူခိုးဖမ်းဖို့ကျိုးစားပေမယ့် သူခိုးက ထွက်ပြေးလွတ်
မြောက်သွားတယ် ။ သူ့ရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပါသွားတယ် ။ အဲဒီလူလည်း တရားသူကြီးဆီ
တိုင်ကြားတယ်။  တရားသူကြီးက သူ့နယ်မြေထဲမှာရှိတဲ့ သူခိုးတွေကို ခေါ်ယူမေးမြန်းတယ်။ ဒါ
ပေမယ့် ဘယ်သူမှခိုးတယ်လို့ ၀န်ခံပြောဆိုခြင်းမပြုကြဘူး။ဒီတော့ တရားသူကြီးကပြောတယ်။
          "ငါ့မှာ လူကောင်းနဲ့ သူခိုးခွဲခြားတဲ့ ၀တ်ကျောင်းခေါင်းလောင်းတစ်ခုရှိတယ်။ လူကောင်း
အဲဒီခေါင်းလောင်းကိုထိရင် ခေါင်းလောင်းက အသံမမြည်ဘူး၊ သူခိုးက ထိရင်တော့ အသံမြည်
မယ် ။ အခု မင်းတို့တစ်ဦးချင်း ခေါင်းလောင်းပေါ် လက်တင်ရမယ် ။ ဒီနည်းနဲ့ ဘယ်သူ သူခိုးဆို
တာ ငါဖော်ထုတ်မယ်"
          ညရဲ့ အမှောင်တနေရာမှာ တရားသူကြီးက သူ့ဝန်ထမ်းတဦးကို ခေါင်းလောင်းရဲ့ပေါ်မှာ
ကြပ်ခိုးမှုန့်တွေ သုတ်လိမ်းခိုင်းတယ် ။  ဒီနောက် တရားသူကြီးက သံသယ ရှိသူတွေကို ခေါ်ပြီး
တစ်ဦးချင်း ခေါင်းလောင်းကိုထိဖို့ပြောတယ် ။ သူခိုးလို့ သံသယရှိသူတွေအားလုံးထဲက တစ်ဦး
ရဲ့လက်သာ သန့်ရှင်းနေတာ တွေ့ရတယ်။ အဲဒီအခါ တရားသူကြီးက
          "မင်း..သူခိုးပဲ"
လို့ ပြောလိုက်တယ်။ အဲဒီလူလည်း သူခိုးကြောင်းဝန်ခံလိုက်ရတယ်။                  
                                                          (တရုတ်ပုံပြင်)

(တင့်ထွန်းဆွေ ၏ နိုင်ငံရပ်ခြားပုံပြင်များ စာအုပ် စာ-၂၆၁ မှ)

No comments:

Post a Comment